ဝါရှင်တန် နိုဝင်ဘာ ၂၁
အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း၌ နှင်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် သေဆုံးသူဦးရေ ၁ဝ ဦးအထိ ရှိလာပြီဖြစ်ပြီး နှင်းပိုမို ကျလာနိုင်သည့် အတွက် အာဏာပိုင်များက ဒေသခံ ပြည်သူများကို သတိပေးချက် ထုတ်ပြန်ထားသည်။
ဘတ်ဖဲလိုးမြို့အပါအဝင် အမေရိကန်ပြည်ထောင်စု နေရာအနှံ့အပြားသည် နှင်းထု ၅ ပေအောက် ရောက်ရှိနေပြီး နယူးယောက်၌ ၁ဝ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောခဲ့သည်။
အေးမြသော ကမ္ဘာ့လေထုအခြေ အနေတွင် လေအေးများသည် နွေးသောရေပြင်ပေါ် ဖြတ်သွားခြင်းကြောင့် နှင်းများကျလာခဲ့ရာ နှင်းထုသည် သုံးပေအထိ ရောက်ရှိနိုင်ကြောင်း ၎င်းဌာနက သတိပေးခဲ့သည်။
အဆိုပါ နှင်းများထူထပ်စွာ ကျဆင်းမှုသည် အမိုးများပြိုကျခြင်း၊ လေကြောင်းလိုင်းများ ဖျက်သိမ်းရခြင်း၊ ကားများသောင်တင်နေခြင်း တို့ဖြစ်ပွားစေခဲ့သည်။ အိမ်ပေါင်း ၄ဝဝဝ ထက်မနည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။
အချို့သော ပြည်နယ်များ၌ကားများ၊ အိမ်များပိတ်မိနေပြီး လေပြင်းများတိုက်ခတ်ခြင်းနှင့် လမ်းများရေခဲဖုံးလွှမ်းနေခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်။
မိမိတို့ပြင်ဆင်မှုများ ပြုလုပ်နေ သော်လည်း ၎င်းနှင်းမုန်တိုင်းသည် အင်အားကြီးမားသော သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း အီရီကောင်တီကော်မရှင်အဖွဲ့ဝင်က ပြောခဲ့သည်။
(ပရက်စ်တီဗွီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အမေရိကန်၌ နှင်းမုန်တိုင်းတိုက်ခတ်မှုသေဆုံးမှု အရေအတွက်တိုးလာ
Reviewed by သစ်ထူးလွင်
on
07:25
Rating: