ဆီဆိုင်မြို့မှာ စစ်သားတွေ ရိုက်နှက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ မနေ့ညက အမှတ် ၄၂၄ ခြေမြန်တပ်ရင်းက စစ်သား ၄၀ လောက်က မြို့ထဲမှာ ရိုက်နှက်ခဲ့တဲ့အတွက် လူတစ်ချို့ ဒဏ်ရာရခဲ့ပြီး ၃ ယောက်က ဆီဆိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မျက်မြင်တွေကက ပြောပါတယ်။

မနေ့ည ကိုးနာရီခွဲလောက်က ဆီဆိုင်မြို့လယ်ခေါင်က မိုးပြာတည်းခိုခန်းအနီးမှာ စစ်သားတွေက လမ်းပေါ်မှာ တွေ့တဲ့သူတွေကို ရိုက်နှက်ခဲ့သလို တစ်ချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲစခန်းမှာ ပို့ထားခဲ့ကြောင်း သိရပါတယ်။

ရိုက်နှက်တဲ့စစ်သားတွေဟာ တုတ်တွေ၊ ဓါးတွေအပြင် သေနတ်တွေလည်း ကိုင်ဆောင်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ ရဲစခန်းကို အပို့ခံရပြီး နေအိမ်ပြန်ရောက်လာသူတစ်ဦး သေဆုံးတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်သား ၄၀ လောက်က ဆီဆိုင်မြို့ထဲမှာ ဘာကြောင့် အဲဒီလို ရိုက်နှက်ခဲ့တာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ဒဏ်ရာရသူ တဦး - ဓါတ်ပုံ - Ko San Win 

ဆီဆိုင်မြို့မှာ စစ်သားတွေ ရိုက်နှက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိ ဆီဆိုင်မြို့မှာ စစ်သားတွေ ရိုက်နှက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 03:50 Rating: 5
Powered by Blogger.