ကိုင်ရို နိုဝင်ဘာ ၂၁
အီဂျစ်အစိုးရက အစ္စလာမ္မစ် စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်း ရန် အရှိန်မြှင့် လိုက်ပြီ ဖြစ်သည့် အတွက် ဆိုင်းနိုင်းကျွန်း မြောက်ပိုင်းရှိ နယ်စပ်ဒေသ ကျောင်းများအား အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ် သည်။
အစိုးရစစ်တပ်သည် ဘာသာရေး အစွန်းရောက်များအား လေကြောင်း စစ်ဆင်ရေးများ ဆင်နွဲနေစဉ်တွင် ဒေသအတွင်းရှိ ကလေးငယ်များ၏ ပညာရေးအခြေအနေအတွက် စိုးရိမ် နိုင်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများ ကပြောသည်။ ဘာသာရေးအစွန်း ရောက်များက စစ်သားများ၊ ရဲတပ်ဖွဲ့ များကို အဓိကပစ်မှတ်ထားကာ လိုက်လံချေမှုန်းနေပြီး ယခင်စစ်သား ဟောင်းများအား ခေါင်းဖြတ်သတ်ခြင်း များ ပြုလုပ်နေပြီဖြစ်သည်။
'ကျွန်တော်တို့တွေ အသက်ဘေး နဲ့နေ့စဉ်ရင်ဆိုင်နေရတယ်။ တစ်ခါ တစ်ရံဆို အစိုးရစစ်တပ်နဲ့ လက်နက် ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျွန်တော်တို့ဆီကို ကျည်ဆံတွေလွဲပြီး ရောက်ရှိလာတယ်'ဟု ရှရစ်ဇူဝစ်မြို့ နေ ကျောင်းဆရာတစ်ဦးဖြစ်သူ မိုဟာမက်က ဆိုသည်။
စစ်တပ်က အစ္စလာမ္မစ်သမ္မတ အား လွန်ခဲ့သောနွေရာသီက ရာထူးမှ ထုတ်ပယ်ခဲ့သည့်အတွက် အစ္စရေးနှင့် ဂါဇာအပါအဝင် စူးအက်တူး မြောင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ် နေသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် တနေ့တခြား အကြမ်းဖက်မှုများ တိုးပွားနေသည်။ ယင်းအကြမ်းဖက်မှု များကြောင့် လုံခြုံရေးအဖွဲ့ဝင် ၃၃ ဦးထက်မနည်းသေဆုံးခဲ့ရသည်။
အောက်တိုဘာ၂၄ ရက်မှစတင်ခဲ့ သော အကြမ်းဖက်မှုများကြောင့် အီဂျစ်အစိုးရသည် ဆိုင်းနိုင်းကျွန်း နယ်မြေတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး ဒေသခံမိသားစုများ ကိုလည်း ရွှေ့ပြောင်းခိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

အစ္စ္စလာမ္မစ် စစ်သွေးကြွများအား ချေမှုန်းရန် အီဂျစ်အစိုးရအရှိန်မြှင့်
Reviewed by သစ်ထူးလွင်
on
07:22
Rating: