ရန်ကုန်၊ နိုဝင်ဘာ ၁၇
၁၆.၁၁.၂၀၁၄ ရက်နေ့ ၀၅၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းအတိုင်း ကမ္ဘာအေး ဘုရားလမ်း ဘက်မှ ပြည်လမ်းဘက်သို့ ယာဉ်မောင်း ကိုသူရစိုး၊ (၄၁)နှစ်မောင်းနှင်လာသော 3E----ပရိုဘောက် အငှားယာဉ်သည် ပါရမီ ဆေးခန်းရှေ့အရောက် ယာဘက်လမ်းစပ်မှ လမ်းလျှောက်သွားနေသော မရမ်းကုန်းမြို့နယ် နေသူများ ဖြစ်သည့် ဒေါ်အေးအေးစန်း(၅၅)နှစ်နှင့် မထက်ထက်ကျော်သောင်း (၂၈)နှစ်တို့(၂)ဦးအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
ယာဉ်တိုက်ခံရမှုကြောင့် ဒေါ်အေးအေးစန်းတွင် ယာခြေကျင်းဝတ် စုတ်ပြဲဒဏ်ရာနှင့် မထက်ထက်ကျော်သောင်းတွင် ဦးခေါင်းမူး၊ ယာပါးပွန်း၊ အောက်နှုတ်ခမ်း ပေါက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှု ခံယူခဲ့ရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုသူရစိုးအား မရမ်းကုန်းမြို့မ ရဲစခန်း ယာဉ်(ပ)၁၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf

အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးတွင် လမ်းလျှောက်သွားနေသူ(၂)ဦးအား တိုက်မိ
Reviewed by သစ်ထူးလွင်
on
17:15
Rating: