ဒီနှစ်အတွက် ဖီဖာကပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဟာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့သာ ထိုက်တန်တယ်လို့ ဘာစီလိုနာ နည်းပြ လူးဝစ် အန်နရီကီ ပြောဆိုလိုက်ပါတယ်။
ဘာကာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့အပတ်က ချန်ပီယံလိဂ် ပွဲစဉ်မှာ ၇၄ ဂိုးမြောက် သွင်းယူပြီး ချန်ပီယံလိဂ်ရဲ့ သွင်းဂိုး အများဆုံး စံချိန် တင်ထားပါတယ်။
Barcelona FC v Malaga CF - Copa del Rey Quarter Finalမက်ဆီကသာ ဒီနှစ်ရာသီ မှာ ခြေစွမ်းပြနေလို့ အကောင်းဆုံးဆုကို ရသင့်တယ်လို့ နည်းပြ အန်နရီကီ က ပြောပါတယ်။
ကမ္ဘာ့အကောင်း ဆုံး ဘောလုံးသမား အတွက် ရေပန်းစားတဲ့ ထိပ်ဆုံးက လူစာရင်းမှာ မက်ဆီနဲ့ ရီရဲလ် တိုက်စစ် မှူး ရော်နယ်ဒိုတို့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ မက်ဆီက ဒီဆုကို ၄ ကြိမ် ရဖူးထားပြီး ရော်နယ်ဒိုက ၂ ကြိမ် ရရှိထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/72345

အကောင်းဆုံး ဘောလုံးသမားဆု မက်ဆီနှင့်သာ ထိုက်တန်ဟု ဘာစီလိုနာနည်းပြပြော
Reviewed by သစ်ထူးလွင်
on
13:34
Rating: