မကွေးမြို့နယ် ကန်ပြားကျေးရွာ အောင်ရတနာဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား

မကွေး နိုဝင်ဘာ ၁၅

မကွေးမြို့နယ် ကန်ပြားကျေးရွာ အုပ်စု ကန်ပြားကျေးရွာရှိ အောင် ရတနာဓာတ်ဆီဆိုင်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က ပီပါ များအတွင်းသို့ ဆီလှယ်ထည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဂါလန် ၂၈ဝဝ ဆံ့ ဆီဘောက်ဆာအတွင်းမှ ပီပါများ အတွင်းသို့ ဆီလှယ်ထည့်စဉ် တည် ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှူး ဦးစီးသည့် တပ်ဖွဲ့ဝင် ၄၁ ဦးနှင့် မီးသတ်ယာဉ် ရှစ်စီး၊ မင်းဘူးမြို့နယ်မှ မီးသတ်ယာဉ် နှစ်စီး၊ ရေနံချောင်း၊ နတ်မောက်မြို့သစ်၊ တောင်တွင်းကြီးမြို့နယ်များမှ မီးသတ် ယာဉ် ခုနစ်စီး၊ တပ်မတော်(လေ)မှ ရေသယ်ယာဉ်တစ်စီး၊ ဆည်မြောင်း ဦးစီးဌာနမှတစ်စီး၊ စည်ပင်သာယာရေး အဖွဲ့မှ တစ်စီး စုစုပေါင်း ၂၃ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်တွင် အောင်ရတနာ ဓာတ်ဆီဆိုင်၏ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းဆိုင်ခန်း လေးခန်း၊ စက်သုံးဆီပီပါ အလုံး ၁၃ဝ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ခင်မာလာ(မကွေး)

The Mirror Daily
https://www.facebook.com/TheMirrorDaily


မကွေးမြို့နယ် ကန်ပြားကျေးရွာ အောင်ရတနာဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား မကွေးမြို့နယ် ကန်ပြားကျေးရွာ အောင်ရတနာဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 03:27 Rating: 5
Powered by Blogger.