အိန္ဒိယနိုင်ငံက အမျိုးသမီးတွေဟာ သားဖြတ်ရာက သေဆုံးရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် စုံစမ်းမှု လုပ်ခဲ့ရာက ပဋိဇီဝ ပိုးသတ်ဆေး တစ်မျိုးကြောင့် သေဆုံးရတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အိန္ဒိယနိုင်ငံမှာ လူဦးရေ ထိန်းချုပ်တဲ့အနေနဲ့ အမျိုးသမီးတွေကို ငွေကြေး မက်လုံးပေးပြီး သားဖြတ်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးပါတယ်။
အဲဒီလို သားဖြတ်ကြတဲ့ အမျိုးသမီးတွေထဲမှာ အယောက် ၈၀ လောက် နာမကျန်းဖြစ်ပြီး ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။
အဲဒီသေဆုံးရသူတွေဟာ ciprofloxin တွေ ပါဝင်တဲ့ ဆေးလုံးတွေကို သောက်ခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။
ခွဲစိတ်ကုသမှု ခံယူတဲ့ အမျိုးသမီးတွေကို အဲဒီ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးလေ့ရှိပြီး အဲဒီ ဆေးလုံးတွေကို ကနဦး စစ်ဆေးတဲ့အခါမှာ zinc phosphide ဓာတ်တွေ တွေ့ခဲ့ရပြီး အဲဒီ ဓာတ်တွေကို ကြွက်သတ်ဆေးတွေမှာ ထည့်သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။
အဲဒီ ဆေးကို သောက်သုံးခဲ့သူ တခြား အမျိုးသမီး ၉ ယောက်ဟာလည်း နာမကျန်း ဖြစ်နေတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီ ဆေးလုံး ရောင်းချခွင့်ကိုလည်း အစိုးရက ပိတ်ချလိုက်ပြီး ဒီဆေးလုံးကို ထုတ်လုပ်တဲ့ လူကိုလည်း ဖမ်းဆီးထားပြီလို့ အေဘီစီ သတင်းထောက် Stephanie March က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-17/1390115

![]() |
(Credit: AFP) |
ပဋိဇီဝဆေးကြောင့် သားဖြတ်အမျိုးသမီးတွေ သေဆုံးနိုင်
Reviewed by သစ်ထူးလွင်
on
09:31
Rating: