ဆေးကုမ္ပဏီမှ ငွေကျပ် ၂၄၄ သိန်းကျော် အလွဲသုံးစားမှု ဖြစ်ပွား

လားရှိုး ၊ ၂၉-၁၁-၂၀၁၄

ရန်ကုန်မြို့ လမ်းမတော် မြို့နယ် ၁၂လမ်း၊ အမှတ်(၈၄)ရှိ " သုခဓန ကုမ္ပဏီ လီမိတက် " ၏ လားရှိုးရုံးခွဲ၌ နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲက ကုမ္ပဏီပိုင် ငွေအလွဲ သုံးစားမှု ဖြစ်ပွား၍ လားရှိုးမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်တန်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သုခဓန ကုမ္ပဏီလီမိတက် ၏ လားရှိုးရုံးခွဲကို လားရှိုးမြို့ ရပ်ကွက်(၂)၊ သိန်းနီလမ်း အမှတ်(၆၉) တွင် ဖွင့်လှစ် ထားရှိပြီး ရုံးခွဲတာဝန်ခံ ဦးစိုးမြင့်အောင် (ဘ) ဦးသန်းလှ နှင့် ၄င်း၏ အရောင်း ဝန်ထမ်း အဖြစ်
စိုင်းထွန်းလင်းကျော် နှင့် စိုင်းအောင်စိုး တို့ကို ခန့်အပ်ထားပြီး အဆိုပါ ဝန်ထမ်း နှစ်ဦးသည် ကုမ္ပဏီမှ ရောင်းချသည့် ဆေးပစ္စည်းများ ကို လားရှိုးမြို့တွင်း ၌ ဖြန့်ဖြူး ရောင်းချ ငွေကောက်ခံခြင်း ဆောင်ရွက်ပြီး မူဆယ်၊ နမ့်ခမ်း နှင့် တန့်ယန်း မြို့နယ်တို့တွင် အရောင်းနှင့် ငွေ ကောက်ခံခြင်း ကို စိုင်းအောင်စိုး က တာဝန်ယူ ဆောင်ရွက် ခဲ့သည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ အတွင်း ဆေးပစ္စည်း ရောင်းရငွေများ စစ်ဆေးခဲ့ရာ စိုင်းထွန်းလင်းကျော် က ဆေးပစ္စည်း ရောင်းရငွေ ကျပ် ၁၁၁ဝ၂၈၅ဝ ကို လည်းကောင်း၊ စိုင်းအောင်စိုး က ဆေးပစ္စည်း ရောင်းရငွေ ၁၃၃၁၂၈၆၅ ကျပ်ကို လည်းကောင်း၊ အလွဲသုံးစား မှုပြုလုပ် ထားကြောင်း စစ်ဆေး တွေ့ရှိရ၍ အရေးယူ ပေးရန် တိုင်တန်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပ တ်သက်၍ အလွဲသုံးစားမှု ပြုလုပ်သူ စိုင်းထွန်းလင်းကျော် (ဘ) ဦးအိုက်ထွန်း၊ မန်ကပ် မြို့နယ်နေသူ (စုံစမ်းဆဲ) နှင့် စိုင်းအောင်စိုး (ဘ) ဦစံမြ၊ အမှတ်(၂ဝ/၂၈၇)၊ အုပ်စု(၄)၊ နယ်မြေ(၂ဝ)၊ သိန်းနီလမ်း၊ လားရှိုးမြို့ နေသူ (စုံစမ်းဆဲ) တို့ကို လားရှိုးမြို့မ ရဲစခန်းက (ပ) ၃၅၅/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၄ဝ၈ ဖြင့် အမှုရေးဖွင့်ပြီး ဖမ်းဆီး ရမိရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၄ဝ၄)

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_41.html


ဆေးကုမ္ပဏီမှ ငွေကျပ် ၂၄၄ သိန်းကျော် အလွဲသုံးစားမှု ဖြစ်ပွား ဆေးကုမ္ပဏီမှ ငွေကျပ် ၂၄၄ သိန်းကျော် အလွဲသုံးစားမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:24 Rating: 5
Powered by Blogger.