အော်ရီဒူး ပြည်ပခေါ်ဆိုခ လျော့ချ

ကာတာပိုင် အော်ရီဒူးကုမ္ပဏီဟာ သူရဲ့ ပြည်ပ ဖုန်းခေါ်ဆိုမှု ၀န်ဆောင်ခကို နဂို ၁ မိနစ် ကျပ် ၇၅၀ သတ်မှတ်ထားရာကနေ နိုဝင်ဘာ ၁၅ ရက်နေ့ကစ နိုင်ငံ ၄၆ နိုင်ငံ အတွက် ၁ မိနစ် ကျပ် ၁၀၀ ကနေ ကျပ် ၆၀၀ အတွင်း လျော့ချလိုက်ပြီလို့ ကြေညာပါတယ်။

ကြေညာချက်အရ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံကို ခေါ်ရင် ၁ မိနစ် ကျပ် ၁၀၀ ပဲ ကျသင့်မှာ ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှားစတဲ့ အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ခေါ်ရင် ၁ မိနစ် ကျပ် ၂၀၀ ပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ အမေရိကန်လိုနိုင်ငံ တွေမှာ သွားရောက် အလုပ်လုပ်ကိုင်သူ၊ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ များပြားတာကြောင့် နောက်ပိုင်း အော်ရီဒူးဆင်းကတ်တွေ အသုံးပြုသူ များလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71263


အော်ရီဒူး ပြည်ပခေါ်ဆိုခ လျော့ချ အော်ရီဒူး ပြည်ပခေါ်ဆိုခ လျော့ချ Reviewed by သစ်ထူးလွင် on 16:51 Rating: 5
Powered by Blogger.