သပိတ်မှောက် ကျောင်းသားများ ဆက်လက်ဆန္ဒပြ

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေဟာ သပိတ်တိုက်ပွဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ တတိယနေ့အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကြေးသွန်း ဘုရားရှေ့ကနေ မနက် ၁၀ နာရီခွဲက စတင်ကာ ရွှေတိဂုံ ဘုရားဆီ ဆန္ဒပြ ချီတက် နေကြပါတယ်။

အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပေဒကို မကျေနပ်လို့ သပိတ်မှောက်ပြီး ကျောင်းသားတွေ ဆန္ဒပြနေတာ ဒီနေ့ဆို ၃ ရက်ရှိပြီ ဖြစ်ပါတယ်။

ဗြိတိသျှ လက်ထက် ၁၉၂၀ ခုနှစ်က တက္ကသိုလ်ပညာရေးပဒေကို ဆန့်ကျင့်ခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲကို ပြုလုပ်သွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ရာနဲ့ချီတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ ဦးဆောင်တဲ့ ကျောင်းသားတွေဟာ မနေ့ကလည်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက တက္ကသိုလ်သမဂ္ဂအဆောက်အအုံဟောင်းမြေနေရာကို ကျော်ဖြတ်ဝင်ရောက်ပြီး တိုင်တည်သစ္စာပြုခဲ့ကြသလို ဗိုလ်အောင်ကျော် အုပ်ဂူရှေ့မှာလည်း  အလေးပြုခဲ့ပါတယ်။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ ပညာရေး ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့အတွက် တောင်းဆိုနေကြတာပါ။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71007
ဓာတ်ပုံ – ကျော်ဇေယျာဝင်း


သပိတ်မှောက် ကျောင်းသားများ ဆက်လက်ဆန္ဒပြ သပိတ်မှောက် ကျောင်းသားများ ဆက်လက်ဆန္ဒပြ Reviewed by သစ်ထူးလွင် on 16:47 Rating: 5
Powered by Blogger.