ရန်ကုန်၊ နိုဝင်ဘာ ၁၆
၁၅.၁၁.၂၀၁၄ ရက်နေ့ ၁၁၄၅ အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရာဇာဓိရာဇ် လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာသော H ---- ဘီအမ်(၂၄၅)လိုင်း ခရီးသည်တင်ယာဉ်သည် ဂိတ်ဟောင်းမှတ်တိုင်အရောက် လမ်းဘေးတွင် စက်ဘီးပြင်နေသော ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ဦးမြင့်ဆွေ (၆၇)နှစ်အား ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ တိမ်းရှောင်သွားခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် စက်ဘီးပျက်စီးပြီး ဦးမြင့်ဆွေတွင် ခန္ဓာကိုယ်၌ ဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံး သွားခဲ့ပါသည်။
ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ) ၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf

ခရီးသည်တင်ယာဉ်မှ လမ်းဘေးရှိ စက်ဘီး ပြင်နေသူအား တိုက်မိခဲ့သဖြင့် သေဆုံး
Reviewed by သစ်ထူးလွင်
on
16:39
Rating: