ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြန်မာ့ လေကြောင်း ဦးစီးဌာနမှ အငယ်တန်း စာရေး ဦးသောင်းစိုး က ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် တာချီလိတ်မြို့မ ရဲစခန်းသို့ စာဖြင့် ရေးသား တိုင်ကြား ချက်အရ တာချီလိတ်လေ ဆိပ် လေယာဉ်ပြေးလမ်း မြောက်ဘက်ရှိ လေယာဉ်အချက်ပြ Approach Light မီးကြိုးပေ ၆ဝဝခန့် တန်ဖိုးငွေကျပ် ၂၃၇၂ဝ၄ ခန့်ကို နိုဝင်ဘာ ၅ရက် ညနေ ၅နာရီခန့်က တစ်ကြိမ်၊ မီးကြိုး ပေ ၂ဝဝ ခန့်နှင့် ၁၁ လုံး တန်ဖိုး ငွေကျပ် ၁၂၉၈ဝ၆၈ခန့်ကို နိုဝင်ဘာ ၁ဝ ရက် ညနေ ၄ နာရီခွဲက တစ်ကြိမ် ခိုးယူခံခဲ့ရ သဖြင့် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၅၃၅၂၇၂ခန့် ဆုံးရှုံးကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက (ပ)၂၃၂/၂ဝ၁၄၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်လှစ်၍ ခိုးယူသူ ကို စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

တာချီလိတ် လေဆိပ်ရှိ လေယာဉ်အချက်ပြ မီးကြိုးများ ခိုးယူခံရ
Reviewed by သစ်ထူးလွင်
on
09:15
Rating: