ရန်ကုန်၊ နိုဝင်ဘာ ၂၉
၂၉.၁၁.၂၀၁၄ ရက်နေ့ ၀၄၁၅ အချိန် ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ အင်းယားဗျူး တာဝါ၊ (၉)လွှာရှိ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ ပါသည်။
ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ ၎င်းအိမ်နေ အမေရိကန်နိုင်ငံသား Mr.David Henry Mueller (၅၇)နှစ်၏အခန်းရှိ Air Con SAFEGUARD မှ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၄၂၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်မှုကြောင့် Air Con (၁)လုံးနှင့် သစ်သားထိုင်ခုံ (၂)လုံးတို့ မီးလောင် ပျက်စီးခဲ့ပါသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် Mr.David Henry Mueller အား ကမာရွတ်မြို့မရဲစခန်း (ပ)၄၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

ကမာရွတ်မြို့နယ်၊ အင်းယားဗျူးကွန်ဒိုတွင် မီးလောင်မှုဖြစ်
Reviewed by သစ်ထူးလွင်
on
14:24
Rating: