၁၂ ဘီးကား ဓမ္မာရုံ ၀င်တိုက် ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောယာဉ်မှ ဘုရားဝင်းအုတ်တံတိုင်း၊ ဓမ္မာရုံနှင့် အမျိုးသား (၂)ဦးတို့အား တိုက်မိ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

၁၆.၁၁.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း ရွာမဘက်မှ ပေါက်တောဝဘက်သို့ ဒလမြို့နယ်နေ ယာဉ်မောင်း ကိုလှိုင်ထွန်း၊ (၃၀)နှစ်မောင်းနှင်လာသော 5B---- နစ်ဆန်း ယူဒီထရပ်ယာဉ်သည် ရွှေစိန်အေး ဘုရားရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ ဘုရားဝင်းအား ကာရံထားသည့် အုတ်တံတိုင်းကို တိုက်မိကာ ဘုရားဝင်း အတွင်းသို့ ရောက်ရှိသွားပြီး ဓမ္မာရုံနှင့် ဓမ္မာရုံအနီးတွင် ရှိနေသော မကွေးတိုင်း ဒေသကြီး၊ မြို့သစ် မြို့နယ်နေ ဦးဝင်းကျော်နှင့် အင်းစိန်မြို့ နယ်နေ ကိုမျိုးဇော်သန်းတို့အား ဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်၊ အုတ်တံတိုင်းနှင့် ဓမ္မာရုံတို့ ပျက်စီးခဲ့သည့်အပြင် ယာဉ်တိုက်ခံသူ ဦးဝင်းကျော်မှာ ဖူးရောင် ပေါက်ပြဲ သွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကိုမျိုးဇော်သန်းတွင် ဖူးရောင်နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ကိုလှိုင်ထွန်းအား အင်းစိန်မြို့မရဲစခန်း ယာဉ်(ပ)၁၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက် ဗဟိုလမ်း ပေါက်တောဝလမ်းဆုံအနီး ရွှေစိန်အေးဘုရားဝန်းအတွင်းက သာသနိကအဆောက်အအုံတစ်ခုကို ၁၆ ရက်နေ့ညနေ ၄ နာရီခွဲဝန်းကျင်က ၁၂ ဘီးကားတစ်စီးဝင်တိုက်
အဆောက်အအုံတွင်းအိပ်နေသူ ၂ ဦးကို ဝင်တိုက်ပြီးဆေးရုံရောက်။ သတင်းဓာတ်ပုံ - ကိုခန့်  / DVB TV News




၁၂ ဘီးကား ဓမ္မာရုံ ၀င်တိုက် ၁ ဦးသေ ၁ ဦး ဒဏ်ရာရ ၁၂ ဘီးကား ဓမ္မာရုံ ၀င်တိုက် ၁ ဦးသေ ၁ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 17:10 Rating: 5
Powered by Blogger.