စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်းက ထုတ်လုပ် ဖြန့်ဖြူးထားတဲ့ ၈၀၀ မဂ္ဂါဟပ်စ် သုံး မိုဘိုင်းဖုန်း သုံးစွဲသူတွေ အနေနဲ့ Voice Mail ၀န်ဆောင်မှု ရယူနိုင်ပြီလို့ ထုတ်ပြန် ကြေငြာ ပါတယ်။
Voice Mail ၀န်ဆောင်မှု ဆိုတာဟာ ကိုယ်က ဖုန်းပိတ်ထားချိန်၊ ဒါမှမဟုတ် ဖုန်းပြော ဆိုနေချိန်၊ ဒါမှမဟုတ် ဆက်သွယ်ရေး ဧရိယာ ပြင်ပရောက်ရှိ နေချိန်တွေမှာ တဖက်က ဖုန်းဆက်သွယ်လာသူ အနေနဲ့ စကားသံ ချန်ထားနိုင်တဲ့ ၀န်ဆောင်မှုမျိုး ဖြစ်ပါတယ်။
ဒီ ၀န်ဆောင်မှုကို မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(အမ်အီးစီ)ကထုတ်တဲ့ စီဒီအမ်အေ အမျိုးအစား ၀၉၃ နဲ့ စတဲ့ ဖုန်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး လစဉ်ကြေး ၁ လ ကျပ် ၁၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/66626

စစ်တပ်ပိုင် အမ်အီးစီဖုန်းတွေမှာ Voice Mail ၀န်ဆောင်မှု ရနိုင်ပြီ
Reviewed by သစ်ထူးလွင်
on
09:13
Rating: