ရာဇီဒီအမျိုးသမီးတွေကို IS စစ်သားတွေအတွက် ပေးပို့

အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူ ​IS ​စစ်သွေးကြွအဖွဲ့က ​သူတို့ ​ဖမ်းဆီးရမိထားတဲ့ ​ရာဇီဒီ ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေကို ​အီရတ်မြောက်ပိုင်းမှာ ​တိုက်ခိုက်မှု ​လုပ်နေတဲ့ ​IS ​တပ်ဖွဲ့တွေရဲ့ ​လက်ထဲ ​ထည့်ပေးလိုက်တယ်လို့ ​ပြောပါတယ်။

စစ်အတွင်းမှာ ​စစ်သားတွေကို ​အလိုလိုက်၊ ​အကြိုက်လုပ်ပေးတဲ့အနေနဲ့ ​အဲဒီ ​အမျိုးသမီးတွေကို ​IS ​စစ် ​သား ​တွေ ​အတွက် ​ပေးလိုက် ​တာလို့ ​ပြောဆို ​ပြီးတဲ့နောက် ​IS ​အဖွဲ့ရဲ့ ​ကျွန်ပြုမှုကို ​ပိုမို ​သိလာ ​ရတာ ​ဖြစ်ပါတယ်။

အရင်တုန်း ​ကလည်း ​ရာဇီဒီအမျိုးသမီးတွေကို ​ကျွန်လို ​ရောင်းစားတာတွေ ​ရှိတယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပြီး ​အခုအခါမှာ ​Dabiq ​လို့ခေါ်တဲ့ ​ဝါဒဖြန့်ချီရေး ​မဂ္ဂဇင်းမှာ ​ဖော်ပြလာတဲ့အတွက် ​ရာဇီဒီလူမျိုးတွေကို ​IS ​တပ်ဖွဲ့က ​ကျွန်ပြုနေတယ်ဆိုတာကို ​အသေအခြာ ​သိလာကြတာပါ။

ရာဇီဒီ ​တွေဟာ ​အီရတ်နိုင်ငံ ​မြောက်ပိုင်းမှာ ​နေထိုင်သူတွေဖြစ်ပြီး ​IS ​အဖွဲ့က ​သူတို့ရဲ့ ​နယ်မြေထဲ ​ဝင်လာပြီးတဲ့နောက် ​တချို့ ​ထိန်းသိမ်းခံထားရသလို၊ ​တချို့ကတော့ ​အစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံခဲ့ရပါတယ်။

အခုလောလောဆယ် ​ရာဇီဒီ ​အမျိုးသမီးနဲ့ ​ကလေးငယ် ​ရာနဲ့ချီ ​ပျောက်ဆုံးနေဆဲဖြစ်ပြီး ​ဘာဖြစ်သွားသလဲ ​ဆိုတာ ​မသိရသေးပါဘူး။

သြဂုတ်လတုန်းကတော့ ​ရာဇီဒီတွေဟာ ​IS ​အဖွဲ့ရဲ့ ​ရန်ကို ​ကြောက်လို့ ​တောင်ကုန်းပေါ် ​ထွက်ပြေးတိမ်းရှောင်ရင်း ​ပိတ်မိနေခဲ့ရာက ​အမေရိကန်က ​ရဟတ်ယာဉ်တွေနဲ့ ​တောင်ပေါ်မှာ ​ကယ်ဆယ်မှု ​လုပ်ခဲ့ရပါတယ်။

IS ​အဖွဲ့ ​လက်ထဲကနေ ​လွတ်မြောက်လာသူ ​အသက် ​၁၅ ​နှစ်အရွယ် ​ရာဇီဒီ ​အမျိုးသမီးတစ်ဦးကတော့ ​ရာဇီဒီ ​မိန်းကလေး ​၂၀၀ ​လောက်ကို ​IS ​တပ်ဖွဲ့က ​ဘတ်စ်ကား ​လေးစီးပေါ် ​တင်ဆောင်ပြီး ​ဆီးရီးယားနိုင်ငံဘက် ​ပို့ဆောင်ခဲ့တယ်လို့ ​လူ့အခွင့်အရေးစောင့်ကြည့်ရေး ​အဖွဲ့ကို ​ပြောပြခဲ့ပါတယ်။

သူကိုယ်တိုင် ​ရောင်းစားခံခဲ့ရတာဖြစ်ပြီး ​IS ​အဖွဲ့ဝင် ​တစ်ဦးက ​သူနဲ့ ​သူ့ညီမကို ​ဝယ်ယူခဲ့တယ်လို့ပြောပါတယ်။

သူ့ညီမကို ​နောက်တစ်ယောက်ဆီ ​ရောင်းစားပြီး ​သူ့ကို ​ထိန်းသိမ်းထားပေမယ့် ​အခွင့်အရေးရတဲ့အချိန်မှာ ​ထွက်ပြေးလွတ်မြောက်လာတာ ​ဖြစ်တယ်လို့ ​အဆိုပါ ​အသက် ​၁၅ ​နှစ်အရွယ် ​ရာဇီဒီ ​အမျိုးသမီးက ​ပြောပြခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-14/1378667

ှုIS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရန်ကို တိမ်းရှောင် ထွက်ပြေးလာကြသူ ရာဇီဒီများ (Credit: Reuters) 

ရာဇီဒီအမျိုးသမီးတွေကို IS စစ်သားတွေအတွက် ပေးပို့ ရာဇီဒီအမျိုးသမီးတွေကို IS စစ်သားတွေအတွက် ပေးပို့ Reviewed by သစ်ထူးလွင် on 09:31 Rating: 5
Powered by Blogger.