ယူကရိန်း အစိုးရ တပ်တွေနဲ့ ခွဲထွက်ရေး တွေကြား အပစ်အခတ်ရပ်စွဲရေး သဘောတူညီမှု ၁ လကျော်ခဲ့ ပေမယ့် Donetsk (ဒေါ့စ်ညက်) မြို့ လေဆိပ်တိုက်ပွဲ တွေကတော့ ဆက်လက် ပြင်းထန် နေပါတယ်။
မြို့နဲ့ ၆ မိုင်ကွာဝေးတဲ့ လေဆိပ်ဟာ ယူကရိန်းစစ်တပ် Donetsk မြို့နဲ့ အနီးဆုံးကပ်နိုင်တဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့မေလက သိမ်းပိုက်ခဲ့တာပါ။
သူပုန်တွေကတော့ လေဆိပ်ကို သူတို့ထိန်းချုပ်မှုထားလိုက်ပြီလို့ ပြောဆိုပြီး ပတ်ဝန်းကျင်မြို့တွေကို ဆက်လက်သိမ်းပိုက်ဖို့ပဲ ကျန်တယ်လို့ သူပုန်တပ်မှူးတဦးက ပြောဆိုပါတယ်။
တဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးကို သူတို့ကလိုက်နာပြီး အစိုးရတပ်ဖွဲ့တွေ စပစ်မှ သူတို့က ပြန်ပစ်တယ်လို့လည်း ပြောဆိုပါတယ်။
အစိုးရတပ်တွေကတော့ သူတို့နေရာတွေကို သူပုန်တွေ လာတိုက်နေပြီး နေ့တိုင်း ပြန်တိုက်ထုတ်နေရတယ်လို့ ပြန်ပါတယ်။
လေဆိပ်ကို ထိန်းချုပ်နိုင်ရေးဟာ နှစ်ဖက်စလုံးအတွက် အရေးကြီးနေပြီး တဖက်နဲ့တဖက်ကလည်း အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန် အပြစ်တင်နေကြပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/67643

ယူကရိန်း Donetsk လေဆိပ် တိုက်ပွဲ ပြင်းထန်
Reviewed by သစ်ထူးလွင်
on
09:57
Rating: