ကိုပါကြီး သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဒေါ်စုစာပို့

မြန်မာစစ်တပ်က ​ထိန်းသိမ်းစဉ်အတွင်း ​သေဆုံးသွားတဲ့ ​အလွတ်သတင်းထောက် ​ကိုပါကြီး ​သေဆုံးရတဲ့အတွက် ​မိသားစုနဲ့ထပ်တူ ​ဝမ်းနည်းမိကြောင်း  ​ဒေါ်အောင်ဆန်းစုကြည်က ​ကျန်ရစ်သူ ​မိသားစုဆီ ​စာတစ်စောင် ​ပေးပို့ခဲ့ပါတယ်။

ကိုပါကြီး ​ခေါ် ​ကို ​အောင် ​ကျော် ​နိုင် ​ဟာ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ကိုယ်ရံတော် ​ဖြစ်ခဲ့ပါတယ်။

ကျန်ရစ်သူ ​ကိုပါကြီးရဲ့ ​ဇနီး ​မသန္တာ ​ကတော့ ​ကိုပါကြီး ​သေဆုံးမှုနဲ့ ​ပတ်သက်ပြီး ​အမှုဖွင့်ထားပြီ ​ဖြစ်သလို ​အလောင်းကို ​စစ်ဆေးနိုင်အောင် ​ပြန်လည်တူးဖော်ပေးဖို့ ​တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်က ​ကိုပါကြီးဟာ ​ထိန်းသိမ်းခံရစဉ်အတွင်း ​သေနတ်လုယူပြီး ​ထွက်ပြေးသွားတာကြောင့် ​ပစ်သတ်လိုက်တာလို့ ​ထုတ်ပြန်ထားတဲ့အပေါ် ​မကျေမနပ် ​ဖြစ်နေကြတာပါ။

အများစုကတော့ ​ကိုပါကြီးဟာ ​နှိပ်စက်ခံရရင်း ​သေဆုံးတာ ​ဖြစ်နိုင်တယ်လို့ ​ယူဆကြတဲ့အတွက် ​အလောင်းကို ​စစ်ဆေးလိုကြတာ ​ဖြစ်ပါတယ်။

ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​နိုင်ငံခြားရေး ​ဌာနကလည်း ​အဲဒီအပေါ် ​အင်မတန် ​စိုးရိမ်မကင်းဖြစ်မိသလို ​စိတ်မကောင်းမှုလည်း ​ဖြစ်ရတယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​မြန်မာ ​အစိုးရကိုလည်း ​ယုံကြည်စိတ်ချရပြီး ​ပွင်းလင်းမြင်သာမှု ​ရှိတဲ့ ​စုံစမ်းမှုတွေလုပ်ဖို့လည်း ​အမေရိကန်နိုင်ငံက ​တိုက်တွန်းထားပါတယ်။

အမေရိကန် ​သမ္မတ ​ဘားရက်အိုဘားမားအနေနဲ့ ​မြန်မာနိုင်ငံကို ​မလာခင် ​အတောအတွင်းမှာ ​ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စ ​ဖြစ်လာရသလို ​မြန်မာနိုင်ငံ ​လူ့အခွင့်အရေးနဲ့ ​ပတ်သက်ပြီး ​ပိုပြီး ​အာရုံစူးစိုက်ချိန်မှာပဲ ​အခုလို ​ဖြစ်ရပ်တွေနဲ့ ​ကြုံနေရတာပါ။

ကိုပါကြီးရဲ့ ​ဇနီး ​မသန္တာကတော့ နိုင်ငံရေးနဲ့ ​လူမှုရေး ​အဖွဲ့အစည်းပေါင်း ​၅၉ ​ဖွဲ့ ​ပူးပေါင်းပြီး ​ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စကို ​စုံစမ်းပေးဖို့ ​အစိုးရကို ​ဖိအားပေးတောင်းဆိုသွားမယ်လို့ ​ပြောကြောင်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-29/1384255

ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်ရံတော် လုပ်ပေးခဲ့ဖူးသူ ကိုပါကြီး (နောက်ဆုံးယာစွန်) ဓာတ်ပုံ (တင်လှိုင် အီဘား) (Credit: ABC) 

ကိုပါကြီး သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဒေါ်စုစာပို့ ကိုပါကြီး သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဒေါ်စုစာပို့ Reviewed by သစ်ထူးလွင် on 09:25 Rating: 5
Powered by Blogger.