လက်ပံတန်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည်လမ်း ကားလမ်းမိုင်တိုင် အမှတ် (၈၉/၀) နှင့် (၈၉/၁) အကြား သစ်တော်ရုံးရှေ့၊ ကျေးနီ ရွာအနီးတွင် စက်တင်ဘာ (၃၀) ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့် ယာဉ်တိုက် မှု ဖြစ်ပွားကြောင်း သတင်းအရ ကျွန်းကလေး ရဲမှူးဒုရဲအုပ် သန့်ဇော်ထွေး တာဝန် မှူး စိန်မောင်မြင့်နှင့် အဖွဲ့သည် သက်သေ ကွမ်းခြံအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မျိုးဆွေ၊ ဦးဝင်းကြိုင် တို့နှင့်အတူ သွားရောက် စစ်ဆေးရာ ရန်ကုန်ဘက် မှ ပြည်ဘက်သို့ ယာဉ်မောင်း ခိုင်မင်း မောင်းနှင် လာသော ယာဉ်အမှတ် ၅/ခ ၆၇၈၃ ငွေကမ္တာ ခရီးသည်တင် ယာဉ်သည် အရှေ့မှ သွားနေသည့် ယာဉ်အား ကျော်တက်မည် ပြုစဉ် တစ်ဘက် ယာဉ်ကြောဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးတင်ဝင်းဦး မောင်းနှင်လာသော ယာဉ်အမှတ် ၇က/၅၁၂၂ တီအီးကားအား ၎င်း၏ ယာဉ်ကြောအတွင်း မျက်နှာချင်းဆိုင် ဝင်တိုက်စဉ် တီးအီးကားနောက်မှ ကပ်လျက်ယာဉ်မောင်းဦးဦးစိုးအောင်(၅၈)နှစ် ဇေယျဝတီ ရပ်ကွက်၊ အောင်လံမြို့နေသူ မောင်းနှင်လာသော 7D/2933 ဒဂုံ-အောင်လံ ခရီးသည်တင်ယာဉ် မှ တီအီးကား နောက်အား ဆက်တိုက်မိ၍ တီအီးအား၏ အရှေ့ပိုင်း ပျက်စီးခြင်း၊ ကားနောက်ပိုင်း ပိန်ချိုင့် ပျက်စီးခြင်း၊ ဒဂုံ-အောင်လံကား မှာ ရှေ့ပိုင်းလေကာမှန်ကွဲ ပျက်စီးသွား ကာ၎င်းကားပေါ် ပါလာသူ ခရီးသည် (၁၀)ဦးမှာ အသီးသီး ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မောင်း ဦးခိုင်မင်း (ဘ) ဦးတင်ဝင်း မှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ယာဉ်အားအရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်တိုက်မိပြီး ဒဏ်ရာများ ရရှိအောင် ပြုလုပ်ထွက်ပြေးသွားသူ ယာဉ်မောင်းခိုင်မင်းအား လက်ပံတန်းမြို့ မရဲစခန်းယာဉ်(ပ)၂၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ (ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်တိုက်မိပြီးပြင်းထန် ဒဏ်ရာရရှိမှု) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး ထွက်ပြေးသွားသူ ယာဉ်မောင်းခိုင်မင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ယာဉ်သုံးစီးဆက်တိုက် တိုက်မှူဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
11:45
Rating: