ဟောင်ကောင်ဆန္ဒပြသူများ အစိုးရ အင်တာနက်ဖြတ်ပါက စိုးရိမ်စရာမလို

ဟောင်ကောင် ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ သူတွေက တရုတ် အစိုးရရဲ့ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက် ရင်လည်း စိုးရိမ်စရာ မလိုဘဲ အချင်းချင်း အပြန်အလှန် မက်ဆေ့ခ်ျ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရှိရင်လည်း ချိတ်ဆက်ကွန်ရက် ကနေတဆင့် မက်ဆေ့ခ်ျ ပေးပို့နိုင်မယ့် ဖိုင်းယားချတ်( Fire Chat) ဆော့ဝဲလ်ကို အသုံးပြုနေလို့ ဖြစ်ပါတယ်။

ဖိုင်းယားချတ်ဟာ အိုင်အိုအက်စ်နဲ့ အက်ဒရိုက် အပလီကေးရှင်းစနစ် ဖြစ်ပြီး စမတ်ဖုန်းနဲ့ တဘက်လက် တွေကို အသုံးပြုတဲ့ သူတွေက ဖုန်းနဲ့ အင်တာနက်မရှိလည်း အချင်းချင်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ဘလူးတွတ် (Blue Tooth) ကနေတဆင့် ၉ မီတာအကွာကို မက်ဆေ့ပေး ပို့နိုင်တဲ့ NearBy ဆိုတဲ့ ဖန်ရှင်ကနေ အနီးအနားမှာ အလားတူ ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေကို မက်ဆေ့ခ်ျ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ လူတွေအများကြီးမှာ ဒီဆော့ဝဲလ်ကို သွင်းထားမယ်ဆိုရင်တော့ ကွန်ယက် သဖွယ်ဖြစ်လာပြီး မက်ဆေ့ခ်ျတွေကို ဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲလ်ဟာ နိုင်ငံရေးမတည်ငြိမ်တဲ့ အချိန်နဲ့ သဘာဝ ဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတဲ့ အချိန်တွေမှာ အသုံးပြုဖို့ အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆော့ဝဲလ်ကို အိုပင်းဂါးဒင်း (Open Garden)က တီထွင်ခဲ့တာဖြစ်ပြီး ၂၀၁၄ အီရတ်မှာ အိုင်အက်စ် အိုင်အက်စ်တွေရဲ့ ဆက်သွယ်မှုကို ကန့်သတ်ဖို့ အစိုးရက လုပ်ဆောင်ခဲ့ပြီး တဲ့နောက် သောင်းနဲ့ချီတဲ့လူတွေက စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဆာ့ဝဲလ်ဟာ အင်တာနက်မှာ အခကြေး ငွေပေးစရာမလိုဘဲ ဒေါင်းလုပ်လုပ်ယူကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဟောင်ကောင်မှာ ဒီဆော့ဖ်ဝဲလ်ကို တရက်အတွင်း လူ ၁ သိန်းကျော် ရယူအသုံးပြုခဲ့ပါတယ်။ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေကလည်း ဒီဆော့ဖ်ဝဲလ်ကို အသုံးပြုဖို့ ထောက်ခံနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66661


ဟောင်ကောင်ဆန္ဒပြသူများ အစိုးရ အင်တာနက်ဖြတ်ပါက စိုးရိမ်စရာမလို ဟောင်ကောင်ဆန္ဒပြသူများ အစိုးရ အင်တာနက်ဖြတ်ပါက စိုးရိမ်စရာမလို Reviewed by သစ်ထူးလွင် on 16:01 Rating: 5
Powered by Blogger.