၇-၁၀-၂၀၁၄ ည (၈း၅၆) နာရီ
India Meteorological Department (IMD) နဲ့ World Meteorological Organization (WMO) တို့ပူးပေါင်းတည်ထောင်ထားတဲ့ RSMC Regional Specialised Meteorological Centre ကလည်း မုန်တိုင်းငယ်အဖြစ်ကြေငြာလိုက်ပါပြီ။ မုန်တိုင်းအမည်ကို 03B လို့ အမည်ပေး ထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ တတိယမြောက်မုန်တိုင်းဖြစ် ပါတယ်။
BOB 03/2014/3 : The depression over north Andaman Sea remained practically stationary and lay centered at 1130 hrs IST of today, the 7th October 2014 near latitude11.50N and longitude 95.00E, about 250 km east-southeast of Long Island.
ဒေါက်တာထွန်းလွင်
မုန်တိုင်းအခြေအနေ
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းရေပြင်ပေါ်ကိုရောက်ရှိနေပါပြီ
ပိုမိုအားကောင်းလာပြီး ပြန်ကွေ့တတ်တဲ့သဘာဝရှိလို့စောင့်ကြည့်ဖို့လိုအပ်ဆဲပါ။
၇-၁၀-၂၀၁၄ ည(၈း၁၄)နာရီ။
(၇-၁၀-၂၀၁၄)ရက် နံနက်(၆)နာရီခွဲမှစတင်ကာ ညနေ(၆)နာရီခွဲအချိန်အထိ ကပ္ပလီ ပင်လယ်တောင်ပိုင်းတွင်ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (99B) အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောယက်ယွန်းယွန်းကို ဦးတည်ပြီး ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့တောင်ပိုင်း ရေပြင်ကျယ် ဖက်ကိုရွေ့လျှားနေတဲ့အတွက် ဆက်လက်အားကောင်းလာနိုင်ပြီး ဆိုင်ကလုန်မုန်တိုငးတစ်ခုဖြစ်လာဖို့ အလားအလာများ ရှိနေပါတယ်။
ဘင်္ဂလားပင်လယ်အော်ရဲ့အနောက်ပိုင်း အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေ တလျှောက်မှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေမြင့်တက်နေတဲ့အတွက် အိန္ဒိယဖက်ကို ရွေ့သွားဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။
ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48?fref=nf
အိန္ဒိယမိုးလေ၀သဌာနမှလည်း မုန်တိုင်းငယ်ဟုကြေငြာပြီ
Reviewed by သစ်ထူးလွင်
on
21:31
Rating:
