လောင်းကစားရာ၌ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ ကော့မှူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အရေးယူဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ အောက်တိုဘာ ၇
၇.၁၀.၂၀၁၄ ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာ၌ “ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မြို့သစ် မူလတန်းကျောင်းရှေ့အိမ်တွင် ဖဲချိန်းဝိုင်းတစ်ခု ပြုလုပ်ကြောင်း၊ ရဲအရာရှိကြီး ကိုဝင်းနောင်က မိန့်မိန့်ကြီးထိုင်ပြီး ဖဲကစား နေကြောင်း” စသည်ဖြင့် ဓါတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ ရဲအရာရှိကြီး ၀င်းနောင် ဆိုသူမှာ အရာရှိတစ်ဦး မဟုတ်ဘဲ ကော့မှူးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ရဲတပ်ကြပ် ၀င်းနောင်ဖြစ်ပြီး ၎င်းမှာ ရဲတပ်ဖွဲ့လုပ်ငန်းတာဝန်နှင့်
မလျော်ညီသော လောင်းကစားမှု၌ ကိုယ်တိုင်ပါဝင်ပတ်သက်နေကြောင်း စိစစ် သိရှိရပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လောင်းကစားမှုများပပျောက်ရေးအတွက် စီမံချက်များချမှတ်ကာ ဆောင်ရွက်နေချိန်တွင် ယင်းကဲ့သို့ လောင်းကစားရာ၌ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ ရဲတပ်ကြပ် ၀င်းနောင်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ကော့မူးမြို့နယ်မှာ ဖဲဝိုင်း ချဲဒိုင်/နှလုံးဒိုင်တွေကို အရေးယူပေးရန် ဒေသခံ ပြည်သူတွေ အကူအညီတောင်းခဲ့တာ ကြာပါပြီ။ ဒီနေ့တော့ ကော့မူးမြို့ မြို့သစ် ရပ်ကွက် မြိုသစ်မူလတန်း ကျောင်းရှေ့အိမ်မှာ ချိန်းဝိုင်း တစ်ခုဖြစ်တယ် ။ ကော့မူး ရဲစခန်းမှ ရဲအရာရှိကြီး ကိုဝင်းနှောင်ကတော့ ဖဲဝိုင်းမှာ မိန့်မိန့်ကြီး ထိုင်ပြီး ဖဲကစားနေလိုက်တာ လိုင်းကြေး ဘယ်လောက်ထိုးထားလဲ? ရဲကျင့်ဝတ်မှာ ဖဲကစားတာပါလာ? အထွေထွေ အုပ်ချုပ်ရေးမူး/မြိုနယ် ရဲမူးကြီး စားဖို့ရှာပေးနေတာလာ? သူတို့ကို တစ်ဝက်ပေးထားလို့ ငြိမ်နေကြတာလား? ကော့မူး ချိန်းဝိုင်းမှာ ဖဲကစားချင်ရင်တော့ ရဲ ဝင်းနှောင် Ph-09420134252)ကို ဆက်သွယ်လိုက်ပါ။ ဓာတ်ပုံထဲက ပါးစပ်ကို လက်နဲ့ အုပ်ထားတဲ့သူဟာ ရဲဝင်းနောင်ပါ။ သတင်း-ဓါတ်ပုံ ။ Su Su Nway https://www.facebook.com/susu.nway
လောင်းကစားရာ၌ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ ကော့မှူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အရေးယူဆောင်ရွက်လျက်ရှိ
Reviewed by သစ်ထူးလွင်
on
21:15
Rating:
