““ဂန္တ၀င်”” ယာဉ်တိုက်မှု

အရှိန်မထိန်း နိုင်သော ခရီးသည်တင်ယာဉ်က လမ်းဘေးချ ရပ်ထားသော (၁၂)ဘီးယာဉ်အား နောက်မှ ၀င်ရောက်တိုက်မိ

နေပြည်တော်၊ အောက်တိုဘာ ၇

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၁-၂)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား ကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှ တောင်ငူသို့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၁၁)ရပ်ကွက်နေ ကျော်လင်း(၄၃)နှစ်မောင်းနှင်လာသော 5F/xxxx““ဂန္တ၀င်””ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ စစ်ပင်ဆိပ်တံတားပြုပြင်ရန်အတွက် ကျောက်များချရန် လမ်းဘေးချရပ်ထားသော ၂ဃ/xxxx(၁၂)ဘီးကုန်တင်ယာဉ်၏နောက်ပိုင်းအား ၀င်ရောက် တိုက်မိသဖြင့် (၁၂)ဘီးကုန်တင်ယာဉ်မှာ အမြန်လမ်းဘက်သို့လွင့်သွားပြီး ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ သန်းနိုင်အောင်(၄၅)နှစ် မောင်းနှင်လာသော 2C/xxxx ““ရွှေစင်စင်္ကြာ””ခရီးသည်တင်မှန်လုံယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ““ရွှေစင်စင်္ကြာ””ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ““ဂန္တ၀င်”” ခရီးသည်တင်ယာဉ်မောင်း ကျော်လင်းနှင့် ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်နေ ကိုကိုနိုင်(၂၃)နှစ်နှင့် မြောက်ဒဂုံမြို့နယ်၊ (၄၄)ရပ်ကွက်နေ ကိုမိုးကျော်ရွှေ(၄၅)နှစ်တို့ ၃ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်လင်းအား ဘောနတ်ကြီးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


““ဂန္တ၀င်”” ယာဉ်တိုက်မှု ““ဂန္တ၀င်”” ယာဉ်တိုက်မှု Reviewed by သစ်ထူးလွင် on 23:51 Rating: 5
Powered by Blogger.