ထိုင်းမှာ စွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး လူသတ်တရားခံအစစ် ဖြစ်နိုင်သလား

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလို့ လူသိများတဲ့ ခိုတောင်းကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗြိတိသျှလူမျိုးနှစ်ဦး သတ်ဖြတ်ခံရမှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ အသက် ၂၀ ခန့် မြန်မာလူငယ်နှစ်ဦးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မိကျောင်းရေသောက်ကျေးရွာက ဖခင် (စုံစမ်းဆဲ)နဲ့ ဒေါ်ဖြူချေနုတို့၏ သားဖြစ်သူ ကိုဇော်လင်းနဲ့ ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာက ဦးထွန်းထွန်းထိုက်နဲ့ ဒေါ်မေသိန်းတို့ရဲ့သား ကိုဝင်းဇော်ထွန်း တို့ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။

ဒါ့ပြင် ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာဇာတိ ကိုမောင်မောင်ဆိုသူကိုပါ ထိုင်းရဲတွေက စွပ်စွဲထားပြီး၊ သူက တရားခံအဖြစ်ဝန်ခံဖို့ ငြင်းဆန်နေတယ်လို့ သိရပါတယ်။ အဲဒီ ဗြိတိသျှစုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်ရပ်မှာ မြန်မာလူငယ်တွေ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရမှုနဲ့ ပတ်သက်လို့ လိပ်ကျွန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအကြား ထိုင်းရဲတွေရဲ့ အကွက်ဆင်ဖန်တီး စွပ်စွဲမှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

အဲဒီကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုကျော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။



RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?hc_location=timeline


ထိုင်းမှာ စွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး လူသတ်တရားခံအစစ် ဖြစ်နိုင်သလား ထိုင်းမှာ စွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး လူသတ်တရားခံအစစ် ဖြစ်နိုင်သလား Reviewed by သစ်ထူးလွင် on 19:06 Rating: 5
Powered by Blogger.