ဆွဲကြိုးချ သေဆုံး

မင်္ဂလာဒုံ စက်တင်ဘာလ ၁

ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ပိုင်း ခရိုင် ၊မင်္ဂလာဒုံမြို့နယ၊် ၂/က ရပ်ကွက် ပိတောက်လမ်း အမှတ် ( - ) နေအိမ်တွင် အမျိုးသား အသက် (၁၅) နှစ် န၀မတန်း ကျောင်းသား တစ်ဦး စက်တင်ဘာ ၃၀ ရက်နေ့ ၁၁း၃၀ အချိန်က ဆွဲကြိုးချ သေဆုံးကြောင်း သတင်း ရရှိပါသည်။

အခင်းဖြစ် နေအိမ်သို့ စခန်းမှူး ဒုရဲမှူး ၀င်းမြင့်၊ နယ်ထိန်း အရာရှိ ဒုရဲအုပ် ကျော်မင်းစိုး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေမြင်၊ အရန်မီးသတ် ဦးမြင့်ဇော် တို့နှင့် အတူသွားရောက် ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ နေအိမ် နောက်ဖေးဘက် အမြင့် ၈ ပေခန့်ရှိ သံတံခါးတွင် အရှည် ၄ ပေခန့်ရှိ ကျောပိုးအိတ် ဘေးလွယ်ကြိုး အနက်ရောင်အား လျော့ကွင်း ပြုလုပ်၍ ကြိုးဆွဲချ သေဆုံးနေကြောင်း အလောင်းအား အသေးစိတ် စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ ရဲဆေးစာဖြင့် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး ပီအာရ် (၁/၂၀၁၄) ဖြင့် လက်ခံ စစ်ဆေးလျှက်ရှိပြီး ဓမ္မာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် သေမှုသေခင်း ဖွင့်လှစ်ကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ဆွဲကြိုးချ သေဆုံး ဆွဲကြိုးချ သေဆုံး Reviewed by သစ်ထူးလွင် on 10:15 Rating: 5
Powered by Blogger.