သေနတ်နှင့် ပစ်ခံရ၍ ရွာသားတစ်ဦးသေဆုံး

မောက်မယ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ဟိုနမ့်ကျေး ရွာအုပ်စု နမ့်ယမ်းကျေးရွာ၏ တောင်ဘက် သုံးဖာလုံခန့်အကွာတွင် အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာနေ ခွန်ထွန်းရီ အသက်(၃၂)နှစ်သည် တောင်ယာခြံသွားရာမှ ဖုန်းပြောနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဘက်ခြေထောက်ထိမှန်သဖြင့် ၎င်းစီးလာသည့်ဆိုင်ကယ်အား ထားခဲ့ပြီးထွက်ပြေးရာ သေနတ်နှင့်ပစ်သူအဖွဲ့က ဆက်လက်ပစ်ခတ်သဖြင့်ကျောပြင်နှင့်နဖူးတို့ ထိမှန်ပြီးသေဆုံးခဲ့ကြောင်း ခူဝိန်းကျေးရွာနေ တောင်သူတစ်ဦးက ဌာနေပြည်သူ့စစ်(ဟိုနမ့်)သို့ လာရောက်သတင်းပေးခဲ့ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily?hc_location=timeline


သေနတ်နှင့် ပစ်ခံရ၍ ရွာသားတစ်ဦးသေဆုံး သေနတ်နှင့် ပစ်ခံရ၍ ရွာသားတစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 02:52 Rating: 5
Powered by Blogger.