ဘာ​ကီ​နာ​ဖာ​ဆို နိုင်ငံမှာ အစိုးရ ဖျက်​သိမ်း​ကြောင်း စစ်​တပ်​က ကြေညာ

အနောက်အာဖရိက ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ Burkina Faso မှာ၊ လက်ရှိ အစိုးရနဲ့ လွှတ်တော်ကို ဖျက်သိမ်း လိုက်ကြောင်း စစ်တပ် အကြီးအကဲ ဗိုလ်ချူပ် ဟိုနိုရီ ထာရာအိုရေး က ကြေညာ လိုက်ပါတယ်။

နိုင်ငံရေး ပါတီတွေ နဲ့ ညှိနှိုင်းပြီး အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်က ၁၂ လ ကြာမျှ အာဏာ လွှဲပြောင်း ယူမယ် လို့ ဆိုပါတယ်။

ဒီလို စစ်ဦးစီးချူပ် ရဲ့ ကြေညာချက် ထွက်မလာသေးခင်၊ သမ္မတ ဘလက်ဇ် ကွန်ပါအိုးရေး က တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ကြေညာပြီး၊ အတိုက်အခံတွေ နဲ့ စကားပြောမယ် ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာ ခဲ့ပါသေးတယ်။

အခု လောလောဆယ်ဆယ် ဘာကီနာ ဖာဆို နိုင်ငံရဲ့ အပြောင်းအလဲ မှာ ဘယ်သူက ခေါင်းဆောင် နေတယ် ဆိုတာ ရှင်းရှင်း လင်းလင်း မသိရဘူး လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

၂၇ နှစ်တာ အာဏာ ရယူထား တဲ့ သမ္မတ ကွန်ပါအိုးရေး ပဲ အာဏာကို ဆက်လက် ဆုပ်ကိုင် ထားနိုင်အောင် ပြင်ဆင် လာခဲ့တာမှာ၊ သောင်းနဲ့ချီတဲ့ လူတွေဟာ တနေ့လုံး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141030_burkina_faso_government_dissolving

၂၇နှစ်တာ ဆုပ်ကိုင်ထားတဲ့ သမ္မတ သက်တမ်း ကို ပို ဆွဲဆန့်ဖို့ လုပ်လာခဲ့တာမှာ လူတွေ လမ်းပေါ် ထွက်ခဲ့ ကြပါတယ်။

ဘာ​ကီ​နာ​ဖာ​ဆို နိုင်ငံမှာ အစိုးရ ဖျက်​သိမ်း​ကြောင်း စစ်​တပ်​က ကြေညာ ဘာ​ကီ​နာ​ဖာ​ဆို နိုင်ငံမှာ အစိုးရ ဖျက်​သိမ်း​ကြောင်း စစ်​တပ်​က ကြေညာ Reviewed by သစ်ထူးလွင် on 05:19 Rating: 5
Powered by Blogger.