ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂

၁.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ရန်ုကုန်- ပြည်ကားလမ်း တပ်မတော်ဆေး တက္ကသိုလ်(မင်္ဂလာဒုံ)၊ ဂိတ်(၁)အနီးတွင် ထောက်ကြန့်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်သူ (စုံစမ်းဆဲ)စီးနင်းလာသည့် LUOJIA-110 ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ မင်္ဂလာဒုံမြို့နယ်နေ ကိုကျော်ဇင်အေး (၃၂)နှစ် မောင်းနှင် လာသည့် ၁၉ယ/---- KENBO-110 ဆိုင်ကယ်တို့ လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး LUOJIA-110 ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ် နေရာတွင် ဆိုင်ကယ်အားထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ကိုကျော်ဇင်အေးမှာ နှာခေါင်းသွေးထွက်၊ နဖူးပေါက်ပြဲ၊ နောက်စေ့ဖူးရောင် ဒဏ်ရာတို့ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ပြီး LUOJIA-110 ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ ကိုမင်းခန့်ကျော်(၂၄)နှစ်တွင် ယာမျက်လုံးဖူးရောင်ဒဏ်ရာ ရရှိခဲ့၍ တပ်မတော် ဆေးရုံကြီး (ကုတင် ၁၀၀၀)တွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ရ ပါသည်။

ယင်းသို့ မဆင်မခြင် မောင်းနှင်မှုကြောင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေး တိမ်းရှောင်သွားသော LUOJIA-110 ဆိုင်ကယ်မောင်းနှင်သူနှင့် ကိုကျော်ဇင်အေး (သေဆုံး)တို့(၂)ဦးအား မင်္ဂလာဒုံမြို့မ ရဲစခန်း ယာဉ်(ပ)၈၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice



ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:08 Rating: 5
Powered by Blogger.