ရန်ကုန်၊ အောက်တိုဘာ ၁၄
၁၃.၁၀.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်တွင် တွံတေးမြို့နယ်၊ တွံတေး-လှိုင်သာယာ ကားလမ်း အတိုင်း လှိုင်သာယာဘက်မှ တွံတေးဘက်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ဒို့ကိုကို၊ (၂၂)နှစ်မောင်းနှင်သည့် 9A/---- ဟီးနိုး(၁၀)ဘီးကုန်တင် ယာဉ်သည် သံထည်ပစ္စည်းများ တင်ဆောင် မောင်းနှင်လာစဉ် တွံတေးတံတား အတက်အရောက်၌ တံတားဂုံးပေါ်သို့ မတက်နိုင်သဖြင့် ယာဉ်မောင်း အကူဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်နေ ကိုဗလကြီး(ခ)သူချစ်အောင်၊ (၂၁)နှစ် မှာ ယာဉ်အောက်ဆင်းပြီး ဂျမ်းတုံးခုပေးစဉ် ယာဉ်၏ ယာဘက် နောက်ဘီးဖြင့် ကြိတ်မိခဲ့ပါသည်။
ထိုသို့ ယာဉ်ကြိတ်မိမှုကြောင့် ကိုဗလကြီး(ခ)သူချစ်အောင်မှာ ဦးခေါင်းကြေမွ၊ ၀မ်းဗိုက်ပွန်းခြစ်ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ ယာဉ်ကြိတ်မိသေဆုံးခဲ့သဖြင့် ယာဉ်မောင်း ဒို့ကိုကိုအား တွံတေးမြို့မ ရဲစခန်း ယာဉ် (ပ)၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

တံတားဂုံးတက်၌ ဂျမ်းတုံး ခုပေးသူအား ယာဉ်၏ နောက်ဘီးဖြင့် ကြိတ်မိခဲ့၍ သေဆုံး
Reviewed by သစ်ထူးလွင်
on
17:37
Rating: