ဖိနပ်မစီးဘဲ ရေစိုအဝတ်အစားဖြင့် မီးပလပ်ကြိုးအား ဖြုတ်သူအမျိုးသား ဓါတ်လိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁

၂၀.၁၀.၂၀၁၄ရက်နေ့ ၁၀၃၀အချိန်တွင် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ်နေ သန်းအောင် (၃၄)နှစ်၊ သံချည်သံကွေးလုပ်သားဖြစ်ပြီး ၎င်းသည် ၀၉၃၀အချိန်ခန့်တွင် ရေစို အဝတ်အစားများဖြင့် ဖိနပ်မစီးဘဲ ဆောက်လက်စ တိုက်မြေညီထပ်တွင် ရေမော်တာဖြင့် ရေတင်နေရာမှ ရေပြည့်သဖြင့် မီးပလပ်ကြိုးအား ဆွဲဖြုတ်စဉ် ဓါတ်လိုက်ခံရကာသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၁/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


ဖိနပ်မစီးဘဲ ရေစိုအဝတ်အစားဖြင့် မီးပလပ်ကြိုးအား ဖြုတ်သူအမျိုးသား ဓါတ်လိုက်ခံရသဖြင့် သေဆုံး ဖိနပ်မစီးဘဲ ရေစိုအဝတ်အစားဖြင့် မီးပလပ်ကြိုးအား ဖြုတ်သူအမျိုးသား ဓါတ်လိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 12:09 Rating: 5
Powered by Blogger.