စက်ဘီးအား လမ်းဝဲဘက်သို့ချိုးကွေ့စဉ် ဒိုင်နာယာဉ်မှ ၀င်ရောက်တိုက်မိ၍ သေဆုံး

နေပြည်တော်၊ အောက်တိုဘာ ၁၃

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပလိပ်မြို့၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၄၁၉/၁-၂)ကြား““ရွှေငါး”” စားသောက်ဆိုင် ရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလိပ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကျောက်ဆည် မြို့နယ်၊ သံရွာကျေးရွာနေ ရဲထက်နိုင်(၂၂)နှစ်မောင်းနှင်လာသည့် မန္တလေး-မိတ္ထီလာ ယာဉ်လိုင်းမှ 9G/xxxx ဒိုင်နာယာဉ်သည် ရှေ့၌ ပလိပ်မြို့၊ ပန်ဒါချည်မျှင်စက်ရုံနေ တရုတ်နိုင်ငံသား Mr. Li Shang Yu (၆၉)နှစ်စီးနင်းနေသောစက်ဘီးမှ လမ်းဝဲဘက်သို့ချိုးကွေ့စဉ် ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် Mr. Li Shang Yu တွင် ၀ဲမျက်ခုံးဖူးရောင်ပေါက်ပြဲ၊ ၀ဲလက်မောင်းဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ပြီး ရဲထက်နိုင်အား ပလိပ်နယ်မြေရဲစခန်း ယာဉ်(ပ) ၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော တရုတ်နိုင်ငံသား Mr. Li Shang Yu မှာ ယင်းနေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန် ဆေးရုံ၌သေဆုံး သွားသောကြောင့် ပြစ်မှုပုဒ်မ ၃၃၈ မှ ၃၀၄-က သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


စက်ဘီးအား လမ်းဝဲဘက်သို့ချိုးကွေ့စဉ် ဒိုင်နာယာဉ်မှ ၀င်ရောက်တိုက်မိ၍ သေဆုံး စက်ဘီးအား လမ်းဝဲဘက်သို့ချိုးကွေ့စဉ် ဒိုင်နာယာဉ်မှ ၀င်ရောက်တိုက်မိ၍ သေဆုံး Reviewed by သစ်ထူးလွင် on 20:27 Rating: 5
Powered by Blogger.