ဒီကေဘီအေ တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး

အောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီမှာ ဒီကေဘီအေက ဗိုလ်မှူးစောဆန်းအောင်နဲ့ အစိုးရတပ်ဘက်က ဗျူဟာမှူးအပါအ၀င် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တာဝန်ရှိ သူတွေ တွေ့ဆုံပြီး လက်နက်တွေ ပြန်လည်လဲယူဖို့ အတွက် ညှိနှိုင်းဆွေးနွေးမယ်လို့ ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က ဒီကေဘီအေ ဗိုလ်မှူးစောဆန်းအောင် အပါအ၀င် ဒုစစ်ဦးစီးချုပ်နဲ့ တပ်မမှူးတို့ဟာ အစိုးရတပ်နဲ့ တွေ့ဆုံပြီး ဒီကေဘီအေက သိမ်းယူထားတဲ့ လက်နက်တွေကို ပြန်လည်ပေးအပ်ဖို့အတွက် အစိုးရတပ်က ကမ်းလှမ်းထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒီကေဘီအေက အစိုးရတပ်ဘက်က လက်နက်တွေကို သိမ်းယူထားလိုက်ခြင်း ဖြစ်ပါတယ်။

အခု ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ငြိမ်းချမ်းရေးပျက်စီးစေမယ့် သေနတ်သံမဟုတ်ဘဲ အောက်ခြေမှာ မတရားဖိနှိပ်မှုတွေကို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင်ဆန္ဒတွေ ထုတ်ဖော်ပြတာ ဖြစ်တယ်လို့ ဗိုလ်မှူးစောဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66911


ဒီကေဘီအေ တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး ဒီကေဘီအေ တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး Reviewed by သစ်ထူးလွင် on 09:16 Rating: 5
Powered by Blogger.