ရန်ကုန်၊ အောက်တိုဘာ ၂
၁.၁၀.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အလံပြဘုရား လမ်းအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း ကိုနိုင်လင်း (၂၃)နှစ် မောင်းနှင်လာသော CC ---- ပရိုမီယိုဆလွန်း မီးခိုးရောင်အငှားယာဉ်သည် မီးရထားဂုံးကျော် တံတား အဆင်း အရောက် အရှေ့မှနောက်သို့ လမ်းဖြတ်ကူးသူ ဒဂုံမြို့နယ်နေ မအိဖြိုးသင်း၊ (၂၃)နှစ်အား ၀င်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် မအိဖြိုးသင်းတွင် ယာနားထင်နှင့် ယာနားသွေးထွက်၊ နှာခါင်းသွေးထွက်၊ ခန္ဓာကိုယ်တွင်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ လမ်း၌သေဆုံး သွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုနိုင်လင်းအား ပန်းဘဲတန်းမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရသဖြင့် သေဆုံး
Reviewed by သစ်ထူးလွင်
on
16:06
Rating: