ရန်ကုန်၊ အောက်တိုဘာ ၁၃
၁၂.၁၀.၂၀၁၄ရက်နေ့ ၁၈၃၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကုန်းတလ ဘောင်ရပ်ကွက်၊ တိုက်ဂါးဘီယာစက်ရုံလမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော M----၊ အမှတ် (၁၃၀)ယာဉ်လိုင်း ခရီးသည်တင် ဒိုင်နာယာဉ်သည် တိုက်ဂါးဘီယာစက်ရုံအနီးအရောက် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ကျား/မ(၂၀)ဦးတို့တွင်ဖူးရောင်၊ ပေါက်ပြဲ၊နာကျင်ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်း/အပြင်လူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရ
ပါသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း (စုံစမ်းဆဲ)အား ထောက်ကြန့်နယ်မြေ ရဲစခန်းယာဉ်(ပ)၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf
ခရီးသည်ယာဉ် (၁)စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၂၀)ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
12:30
Rating: