ဂျေရုဆလင်မြို့က ဂျူးဘာသာရေး ဆရာတစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့ ပါလစ္စတိုင်းသား တစ်ဦးကို အစ္စရေးက ပြန်လည် ပစ်သတ်လိုက်တဲ့ အတွက် အခြေအနေ တင်းမာမှုတွေ အထွဋ်အထိပ် ရောက်ရှိနေပါတယ်။
ဂျူးဘာသာရေး ခေါင်းဆောင် တစ်ဦးဟာ အစ္စလာမ်သာမက ဂျူးတွေကပါ အထွဋ်အမြတ်ထားတဲ့ ဘာသာရေး မြေပြင်မှာ ဂျူးတွေ သွားရောက်ဖူးမျှော်ခွင့် ရှိတယ်ဆိုပြီး အမြဲတစေ လှုပ်ရှား ပြောဆို လာသူဖြစ်ပြီး မကြာသေးခင်တုန်းက ပစ်ခတ်ခံလိုက်ရ ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ ဒဏ်ရာက ပြင်းထန်နေပေမယ့် တည်ငြိမ်တဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
ဂျူးဘာသာရေး ခေါင်းဆောင်ကို ပစ်ခတ်ခဲ့သူကို ရှာဖွေရင်း သံသယဖြစ်နေတဲ့ ပါလစ္စတိုင်းလူမျိုးကို ဂျူးစစ်သားတွေက ပစ်သတ်လိုက်ပါတယ်။
အဲဒီလို မတည်မငြိမ်မှုတွေကြောင့် နှစ်ဖက်စလုံးက အထွဋ်အမြတ်ထားတဲ့ နေရာကို အစ္စရေးက ပိတ်ချလိုက်ပြီး ဒီညမှ ပြန်ဖွင့်ပေးမယ်လို့ ပြောပါတယ်။
အစ္စရေးကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သန့်ရှင်းတဲ့ မြေပြင်ကို မသွားနိုင်အောင် ပိတ်ပင်တာလို့ ပြောနေပေမယ့် ပါလစ္စတိုင်းဘက်ကတော့ ဒါဟာ စစ်ရေးကြေညာချက် ဖြစ်တယ်လို့ ပြောပါတယ်။
အခု သန့်ရှင်းရာ မြေပြင်လို့ သတ်မှတ်ထားတဲ့ နေရာဟာ တချိန်တုန်းက ဂျူးတွေရဲ့ ဘုရားကျောင်း တည်ရှိခဲ့ရာ မြေဖြစ်ပြီး အခုအခါမှာ အစ္စလာမ်တွေ အထွဋ်အမြတ်ထားတဲ့ ဗလီရှိနေတဲ့အတွက် အမြဲတမ်း အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-31/1385201

ပါလစ္စတိုင်း အမျိုးသမီးတစ်ဦးက အစ္စရေး စစ်သားကို ဆဲဆိုနေစဉ် (Credit: AFP) |
ဂျေရုဆလင်မှာ တင်းမာမှု ဖြစ်နေ
Reviewed by သစ်ထူးလွင်
on
09:54
Rating: