ရန်ကုန်၊ အောက်တိုဘာ ၁၄
၁၃.၁၀.၂၀၁၄ ရက်နေ့ ၁၆၄၅ အချိန် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ရွာမ အနောက်ရပ်ကွက်၊ ချမ်းမြေစည်ပင်ဝင်း လမ်းပေါ်တွင် အမျိုးသား တစ်ဦး ဒဏ်ရာဖြင့် လဲကျနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ရွာမအနောက်ရပ်ကွက်နေ ငရှည်(ခ)ကတုံး(ခ)ကိုစိုးနိုင် (၃၅)နှစ်
မှာ လည်ပင်းယာဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိ ထားကာ လဲကျနေ သည်ကိုတွေ့ရှိရပြီး တစ်ရပ်ကွက်တည်းနေ ၀င်းကြည်၊(၂၉)နှစ် မှ ဓါးဖြင့်ထိုး သွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဒဏ်ရာရရှိသူ ငရှည်(ခ)ကတုံး(ခ)ကိုစိုးနိုင်အား အင်းစိန်ဆေးရုံသို့ ပို့အပ်ကုသစဉ် ၁၇၄၀ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အင်းစိန်မြို့မရဲစခန်း (ပ)၁၀၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ဓါးဖြင့်ထိုးသူ ၀င်းကြည်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

အင်းစိန်မြို့နယ်တွင် လူသတ်မှုဖြစ်
Reviewed by သစ်ထူးလွင်
on
17:35
Rating: