ဖောင်ပျက်၍ ပင်လယ်၌ မျောပါနေသူ လေးဦးကို ဆယ်ယူစောင့်ရှောက်ထား

ကျောက်တန်း အောက်တိုဘာ ၁၄

အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျောက်တန်းမြို့နယ် တံတားမြို့အပိုင် တမံကြီးကုန်း ကျေးရွာမှ ငါးဖမ်းစက်လှေ တစ်စင်း ငါးဖမ်းထွက်စဉ် တမံကြီးကုန်း ကျေးရွာ အပိုင် သင်္ဘောကြီး အောက်ပင်လယ် ပြင်တွင် မျောပါနေသော လူလေးဦး အားတွေ့ရှိ၍ ဆယ်ယူ ခဲ့ရကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ လပွတ္တာမြို့နယ် ရွှေဘေးရွာနေ ဟန်မင်းစိုး (၂၇)နှစ်၊ မောင်စိုးသက်(၂၄)နှစ် လယ်ပေါ် ရပ်ကွက်(၁၂)လမ်း အိမ်မဲမြို့၊ ဦးဝင်းညွန့်(၃၉)နှစ် လယ်ပေါ် ရပ်ကွက် (၁၂)လမ်း အိမ်မဲမြို့၊ ဦးဝင်းမင်း (၅ဝ)နှစ် အထက်ပိုင်း ရပ်ကွက် (၁ဝ)လမ်း အိမ်မဲမြို့နေ သူတို့သည် ပင်လယ်ပြင်တွင် ဖောင် ဖြင့် ကျားပိုက်ထောင်နေစဉ် သီတင်း ကျွတ်လဆန်း ၁ ရက်က မုန်တိုင်းမိ၍ ဖောင်ပျက်ကာ ပင်လယ်ပြင်တွင် မျောပါနေခြင်းဖြစ်သည်။

၎င်းတို့ လေးဦးအား တံတားမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် တံတားနယ်မြေစခန်းမှူး ရဲအုပ် ထွန်းထွန်းဝေတို့က စောင့်ရှောက်ထား ပြီး ၄င်းတို့၏ မိဘဆွေမျိုးများနှင့် အဆက်အသွယ်ရရှိရန် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဆွေ (ရွှေတံတား)

The Mirror Daily
https://www.facebook.com/TheMirrorDaily


ဖောင်ပျက်၍ ပင်လယ်၌ မျောပါနေသူ လေးဦးကို ဆယ်ယူစောင့်ရှောက်ထား ဖောင်ပျက်၍ ပင်လယ်၌ မျောပါနေသူ လေးဦးကို ဆယ်ယူစောင့်ရှောက်ထား Reviewed by သစ်ထူးလွင် on 06:09 Rating: 5
Powered by Blogger.