အကြမ်းဖက်သမားများကို ကယ်တင်ရန် ဖောက်ထားသည့် လိုဏ်ခေါင်း ဖော်ထုတ်နိုင်

ပါကစ္စတန်နိုင်ငံ၊ ကရာချီဗဟို အကျဉ်းထောင် အထဲကို တိုက်ရိုက်တူးဖော် ထားတဲ့ မြေအောက်လိုဏ်ခေါင်း တခုကို လက်မတင် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန် အထူးတပ်ဖွဲ့က မနေ့က ပြောပါတယ်။

အရှည်မီတာ ၄၀ ရှိတဲ့ ဒီလိုဏ်ခေါင်း ကို ထောင်နားက အိမ်တအိမ်ကနေ အန္တရာယ်အကြီးဆုံး အကြမ်း ဖက်သမား တွေကို ချုပ်နှောင်ထားတဲ့ ဘားတိုက်အထိ တူးဖော်ထား တာဖြစ်ပါတယ်။

စစ်ဆေးခံရတဲ့ အကြမ်းဖက် တပ်ဖွဲ့ဝင်တဦးရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်ဖို့လို့  ပြောပါတယ်။

ပါကစ္စတန်အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး Tahir Mehmood က အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပေမယ့် ဘယ်အဖွဲ့ဆိုတာနဲ့ အကြမ်းဖက် ဘယ်နှယောက် ဖမ်းဆီးထားတယ်ဆိုတာကိုတော့ အတိအကျ  မပြောခဲ့ပါဘူး။

ထောင်ဘားတိုက်နဲ့ ၁၀ မီတာအလိုလောက်မှာ လက်မတင်ဖော်ထုတ်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။

ထောင်နားက အိမ်တအိမ်ကို အကြမ်းဖက်တွေက ၀ယ်ယူခဲ့ပြီး လနဲ့ချီပြီး တူးဖော်ခဲ့ကြတယ်လို့လည်း Mehmood က ပြောဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/67797


အကြမ်းဖက်သမားများကို ကယ်တင်ရန် ဖောက်ထားသည့် လိုဏ်ခေါင်း ဖော်ထုတ်နိုင် အကြမ်းဖက်သမားများကို ကယ်တင်ရန် ဖောက်ထားသည့် လိုဏ်ခေါင်း ဖော်ထုတ်နိုင် Reviewed by သစ်ထူးလွင် on 17:27 Rating: 5
Powered by Blogger.