တောင်ဆူဒန် ပြည်တွင်းစစ်အတွင်း လိင်ပိုင်းအကြမ်းဖက်မှု ပိုများလာ

တောင်ဆူဒန် ပြည်တွင်းစစ်ရဲ့ မျက်နှာစာအားလုံးမှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေ အင်မတန် ကျယ်ပြန့်လာနေလို့ အသက် ၂ နှစ်အရွယ် ကလေးတဦးလည်း ဓားစာခံတွေထဲမှာ ပါခဲ့ရတယ်လို့ လက်နက်ကိုင်ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။

ကုလအထူးကိုယ်စား လှယ် ဇိုင်းနတ် ဟာဝါ ဘန်ဂူရာဟာ တောင်ဆူ ဒန်နိုင်ငံတွင်းက ပဋိပက္ခအဆိုးရွား ဆုံး ဖြစ်နေ တဲ့ မြောက်ပိုင်းမြို့ကို လတ်တလော ထွက်ခဲ့တဲ့ ခရီးစဉ်အကြောင်း သတင်းထောက်တွေ ကို ပြောခဲ့တာပါ။

အဲဒီဒေသမှာ ခိုလှုံနေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေဟာ ဆိုးရွားလှတဲ့ နေထိုင်မှု အခြေအနေ၊ လုံခြုံရေးစိုးရိမ်မှုနဲ့ ကျယ်ပြန့်တဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေကို ရင်ဆိုင် နေရတယ်လို့ သူက ပြောပါတယ်။

၂၀၁၁ ခုနှစ်က ဆူဒန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးကြေညာခဲ့တဲ့ တောင်ဆူဒန်နိုင်ငံမှာ တိုက်ပွဲတွေ ဒီဇင်ဘာလက စပြီး ပေါ်ပေါက်ခဲ့တာပါ။

သမ္မတ ဆယ်လ်ဗာကီယာနဲ့ ဒုသမ္မတ နိုင်ငံရေးပြိုင်ဘက် ရိခ်မာချာတို့ရဲ့ နိုင်ငံရေး တင်းမာမှုတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့အပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အာဖရိက ဒေသတွင်းအဖွဲ့အစည်း(အိုင်ဂတ်)က စီစဉ်ပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကလည်း သွေးချောင်းစီးမှုကို အဆုံးမသတ်နိုင်သေးပါဘူး။

တောင်ဆူဒန်ပဋိပက္ခကြောင့် လူ သောင်းကျော် သေဆုံးခဲ့ပြီး လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ လူ ၁၁ သန်းလောက်က အငတ်ဘေး ဆိုက်လုနီး ဖြစ်နေပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာတော့ နိုင်ငံလူဦးရေ ၃ ပုံ ၁ ပုံလောက် အငတ်ဘေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

အရင်လကတော့ တောင်ဆူဒန်သမ္မတနဲ့ ဒုသမ္မတတို့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဖို့နဲ့  မလုပ်ခဲ့ရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒဏ်ခတ်တာကို ရင်ဆိုင်ရမယ်လို့ အမေရိကန်က သတိပေးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68482



ဇိုင်းနတ် ဟာဝါ ဘန်ဂူရာ

တောင်ဆူဒန် ပြည်တွင်းစစ်အတွင်း လိင်ပိုင်းအကြမ်းဖက်မှု ပိုများလာ တောင်ဆူဒန် ပြည်တွင်းစစ်အတွင်း လိင်ပိုင်းအကြမ်းဖက်မှု ပိုများလာ Reviewed by သစ်ထူးလွင် on 11:28 Rating: 5
Powered by Blogger.