မြန်​မာ့​စီးပွား​ရေး​ဖို​ရမ် US ကျင်းပ

မြန်မာနိုင်ငံ မှာ လာရောက် ရင်းနှီး မြှုပ်နှံဖို့ အတွက် အမေရိကန် လုပ်ငန်းရှင်တွေ အတွက် အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ဘယ်လို ရှိနလဲ ဆိုတာ ဆွေးနွေးကြဖို့ စီးပွားရေး ဖိုရမ် တစ်ခုကို အမေရိကန် နြူးယော့ခ်မြို့ မှာ ကျင်းပ နေကြပါတယ်။

မြန်မာ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်တဲ့ ဦးစိုးသိမ်း၊ ဦးဌေးအောင်၊ ဦးဇေယျာအောင်နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ လည်း တက်ရောက်နေပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင် က မြန်မာနိုင်ငံ မှာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တိုးတက် ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေ ကို တဆင့်ခြင်း ကြိုးစားနေကြောင်း ဘီဘီစီ ကို ပြောသလို၊ ဒီ လုပ်ငန်းခွင်မှာ အရည်ချင်းရှိ အဆင့်မီ တဲ့ မျိုးဆက်သစ် တွေ မွေးထုတ်ပေးချင်တယ် လို့လည်း ပြောပါတယ်။

အခု ကျင်းပနေတဲ့ ဖိုရမ်မှာ အမေရိကန်နဲ့ မြန်မာ ထိပ်သီး စီးပွားရေး သမားတွေ အပါအဝင်၊ အမေရိကန် အခြေစိုက် Asia Society နိုင်ငံရေး လေ့လာရေး အဖွဲ့ကသူတွေ လည်း တက်ရောက် နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140925_htayaung_business_forum.shtml

ရန်ကုန် ဟိုတယ် တစ်ခုရဲ့ မြင်ကွင်း

မြန်​မာ့​စီးပွား​ရေး​ဖို​ရမ် US ကျင်းပ မြန်​မာ့​စီးပွား​ရေး​ဖို​ရမ် US ကျင်းပ Reviewed by သစ်ထူးလွင် on 08:49 Rating: 5
Powered by Blogger.