ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှာ RSOလို့ခေါ်တဲ့ ရိုဟင်ဂျာ သွေး စည်း ညီညွတ်ရေး လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။
သူတို့ ၃ ဦးကို စက်တင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှုးချုပ် စိုးမြိုင်က RFA ကို အခုလို အတည်ပြု ပြော ပါတယ်။
"ဖမ်းမိတာမှန်ပါတယ်၊ သုံးယောက်လို့ အတည်ပြုနိုင်ပါတယ်၊ RSO လို့အတည်ပြုနိုင်တယ်၊ သို့သော်လည်း လုံခြုံရေးနဲ့လည်းပတ်သက်တဲ့အတွက် ကျနော်တို့အခု မပြောနိုင်သေးဘူးပေါ့နော်၊ သို့သော်ပြောခွင့်ရှိတဲ့အခါ အပြည့်အစုံပြော ဆိုလည်း ပြောပါမယ်ခင်ဗျ"
ပြီးခဲ့တဲ့ရက်ကလည်း မောင်တောမြို့မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တစ်စုအကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇာဝါဟရီက မြန်မာနိုင်ငံကို အကြမ်းဖက် ခြိမ်းခြောက်ပြီး နောက် ပိုင်း အစိုးရက ဘင်္ဂလားဒေ့်ရှ်နယ်စပ်အပါအ၀င် အရေးကြီးတဲ့နေရာတွေမှာ လုံခြုံရေးကို အထူးသတိထားပြီး တင်းကြပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

RSO ရိုဟင်ဂျာလက်နက်ကိုင် ၃ ဦး မောင်တောနယ်စပ်မှာ ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
03:10
Rating: