ပြင်ဦးလွင်မြို့ MOBILE CITY ဖုန်းဆိုင် ဖောက်ထွင်းခံရ ကျပ်သိန်းနှစ်ရာကျော် ပျောက်ဆုံး

ပြီးခဲ့တဲ့ သြဂုတ်လ (၂၉)ရက်နေ့ ညပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၄)၊ မန္တလေး - လားရှိုးလမ်းပေါ်ရှိ MOBILE CITY ဆိုင် ဖောက်ထွင်း ခံရမှုကြောင့် ကျပ်သိန်း(၂၀၀)နှစ်ရာ ကျော် တန်းဖိုးရှိ ပစ္စည်းများ ပျောက်ဆုံး ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

သြဂုတ်လ (၂၉)ရက်နေ့ ည(၈) နာရီခန့် မှာ ပြင်ဦးလွင်မြို့  ရပ်ကွက်ကြီး (၃) ရွှေဘုံသာလမ်း မ-၃၆ နေ ကိုလတ် ဟာ ၄င်းပိုင် MOBILE CITY ဖုန်းဆိုင်အား သော့ပိတ်ခဲ့ပြီး နေအိမ်ကို ပြန်လာခဲ့ပါတယ်။  သြဂုတ်လ (၃၀)ရက်နေ့  နံနက်ပိုင်းမှာ ကိုလတ် ရဲ့ ညီမ ဖြစ်သူ မဝေေ၀ မှ ဆိုင်ဖွင့်လှစ်ရာမှာ ဆိုင်အတွင်းရှိ မှန်ကောင်တာ အတွင်း ထည့်သွင်း သိမ်းဆည်း ထားတဲ့ ဖုန်းမျိုးစုံ၊ ငွေဖြည့်ကဒ်မျိုးစုံ၊ ငွေစက္ကူ ရောရာ (၃၀၀၀၀)၊ စုစုပေါင်း တန်းဖိုးငွေ (၂၀,၉၂၃,၀၀၀ ) ကျပ် ပျောက်ဆုံး နေကြောင်း တွေ့ ရှိ ခဲ့ပါတယ်။

အဆိုပါ အမှုကို ပြင်ဦးလွင် မြို့ မ ရဲစခန်းမှ (ပ)၁၇၁/၁၄ ပြစ်မှု ပုဒ်မ ၃၈၀(ခိုးမှု) အရ အမှု ဖွင့်လှစ်ထားပြီး တရားခံ ဖမ်းဆီး ရမိရေး ဆောင်ရွက် နေကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရရှိ ရပါတယ်။

BY THIT HTOO LWIN




ပြင်ဦးလွင်မြို့ MOBILE CITY ဖုန်းဆိုင် ဖောက်ထွင်းခံရ ကျပ်သိန်းနှစ်ရာကျော် ပျောက်ဆုံး ပြင်ဦးလွင်မြို့ MOBILE CITY ဖုန်းဆိုင် ဖောက်ထွင်းခံရ ကျပ်သိန်းနှစ်ရာကျော် ပျောက်ဆုံး Reviewed by သစ်ထူးလွင် on 06:46 Rating: 5
Powered by Blogger.