ကန်နဲ့ အာရပ်မဟာမိတ်တွေ IS ကို ဝေဟင် စစ်ရေးစတင်

ဆီးရီးယားနိုင်ငံက IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို အမေရိကန်နဲ့ အာရပ်ဘ်ငါးနိုင်ငံတို့က လေကြောင်း ကနေ တိုက်ခိုက် နေပါပြီ။

ညဘက်လုပ်တဲ့ လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ်အတွင်း IS အဖွဲ့ရဲ့ အခိုင်အမာ ခြေကုပ်စခန်းဖြစ်တဲ့ Raqqa ဒေသအပါအ၀င် ဆီးရီးယားအရှေ့ပိုင်း ဒေသလေးခုက ပစ်မှတ်တွေ ပျက်စီးသွားတယ် ဒါမှမဟုတ် ဖျက်ဆီး ပစ်ပလိုက်တယ်လို့ CENTRAL COMMAND လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေး ကွပ်ကဲရေး အမေရိကန် စစ်ဌာနချုပ်က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ ဘာရိန်း၊ ကာတာ၊ ဆော်ဒီအာရေးဘီးယား၊ ဂျော်ဒန်နဲ့ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံတွေ ပါဝင်တိုက်ခိုက် ဒါမှမဟုတ် ပံ့ပိုးကူညီကြတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် လေ့ကျင့်ရေး ကွင်းတွေ၊ စစ်သွေးကြွတွေရဲ့ဌာနချုပ်နဲ့ ဘဏ္ဍာရေးဌာနတို့ကို ထိမှန်တယ်လို့ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဆယ်ဂဏန်းအရေအတွက်ရှိတဲ့ စစ်သွေးကြွတွေ သေဆုံး ဒါမှမဟုတ် ဒဏ်ရာရသွားတယ် လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကပြောပါတယ်။

တိုက်ခိုက်မှုမှာ တိုက်လေယာဉ်တွေ၊ ဗုံးကျဲလေယာဉ်တွေပါဝင်သလို ပင်လယ်ထဲမှာရှိတဲ့ သင်္ဘောတွေက  ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တယ်လို့ ပန်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/us-isis-airstrikes/2459375.html

IS ကို ဝေဟင်က စစ်ဆင်ရေးစတင်

ကန်နဲ့ အာရပ်မဟာမိတ်တွေ IS ကို ဝေဟင် စစ်ရေးစတင် ကန်နဲ့ အာရပ်မဟာမိတ်တွေ IS ကို ဝေဟင် စစ်ရေးစတင် Reviewed by သစ်ထူးလွင် on 21:35 Rating: 5
Powered by Blogger.