နောက်ထပ် အမေရိကန် သတင်းထောက် IS သတ်ဖြတ်

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ က အင်တာနက် မှာထုတ်ပြန် လိုက်တဲ့ ဗီဒီယို မှာ အမေရိကန် TIME မဂ္ဂဇင်း၊ Foreign Policy နဲ့ Christian Science Monitor စာစောင်တွေ မှာ ရေးသားတဲ့ အမေရိကန် သတင်းထောက် Steven Sotloff ကို ခေါင်းဖြတ်တဲ့ ပုံ ပြသ လိုက်ပါ တယ်။

သူနဲ့ ပါဆိုရင် IS အဖွဲ့ က သတ်တဲ့ သတင်းထောက် နှစ်ယောက် ရှိသွားပါပြီ။ အခုလို အမေရိကန် နှစ်ယောက် ကို သတ်ပြလိုက်တဲ့ အချက်က အမေရိကန် အစိုးရ ကနေ IS အဖွဲ့ ကို လေကြောင်း တိုက်ခိုက်မှု တွေ ပြုနေလို့ လက်တုံ့ပြန် ပုံရကြောင်း ဘီဘီစီ လုံခြုံရေးဆိုင်ရာ သတင်းထောက် ဖရင့်ဂါဒနာ က သုံးသပ်ပါတယ်။

Steven Sotloff ဟာ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား နဲ့ ရီမင်နိုင်ငံ တွေ မှာလှည့်လည် နေထိုင်ယင်း သတင်းဆောင်းပါးတွေ ရေးနေတာပါ။ အာရဗီ ဘာသာ စကားလည်း ကောင်းကောင်း ပြောတတ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ နှစ် သြဂုတ်လ က ဆီးရီးယား ကနေ ပြန်ပေးဆွဲ သွားတာပါ။ အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ် အားနက်စ် က ဒီ ဗီဒီယို ဟာ အစစ်အမှန် ဟုတ်မဟုတ် ဆိုတာ ကို အတည်ပြုလို့ မရသေးတဲ့ အကြောင်း ပြောပါတယ်။ သူတို့ အစိုးရ အဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ ထဲက မစ္စတာ ဆော့လောဖ့် ရဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက် ကတည်းက ဂရုစိုက် လေ့လာနေတာပါ။ ဒီသတင်းခွေ ထွက်လာတဲ့ အတွက်တော့၊ သူ့မိသားစု ရယ်၊ သူ့အပေါင်းအသင်း လုပ်ဖေါ်ကိုင်ဖက်တွေ နဲ့ အတူ၊ သူ့အတွက် ဆုတောင်းပေးနေပါတယ်။ ဒါပေမဲ့ ဒီဗီဒီယို အစစ်အမှန် ဖြစ်မဖြစ် ဆိုတာ ကိုတော့ အစိုးရ အနေနဲ့ ရော၊ ထောက်လှမ်းရေး အရာရှိတွေ ပါ စုံစမ်း စစ်ဆေးနေပါတယ် လို့ ပြောပါတယ်။

နယူးယောက် မှ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်အာရှာ ပေးပို့ တဲ့ သတင်းမှာတော့ ၊ IS အဖွဲ့ ဖမ်းထားတဲ့ အမေရိကန် တံဆာခံ တွေ ကို အမေရိကန် အစိုးရ က လွတ်မြောက်အောင် ကြိုးပမ်းမှု မအောင်မြင်တာကို၊ ပြသနေတယ် လို ဆိုပါတယ်။ IS အဖွဲ့ အပေါ်မှာ သြဇာ ညောင်းတဲ့ နိုင်ငံတွေ ကို အကူအညီတောင်းဖို့ ချဉ်းကပ်ရာ မှာ လည်း၊ ဘယ်နိုင်ငံမှ သူတို့အပေါ် သြဇာ မရှိ ကြပါဘူး။ ဆီးရီးယားအခြေစိုက် IS အဖွဲ့ ကို လိုက်လံ ခြေမှုန်းဖို့လည်း သမ္မတ အိုဘားမား က ဆုံးဖြတ်လို့ မရသေးတဲ့ အတွက်၊ နိုင်ငံတကာ ညွန့်ပေါင်း တပ်ဖွဲ့ အနေနဲ့ အရေးယူ တိုက်ခိုက် နိုင်ဘွယ် ရှိကြောင်း ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်အာရှာ က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140902_is_sotloff.shtml

အမေရိကန်သတင်းထောက် Steven Sotloff

နောက်ထပ် အမေရိကန် သတင်းထောက် IS သတ်ဖြတ် နောက်ထပ် အမေရိကန် သတင်းထောက် IS သတ်ဖြတ် Reviewed by သစ်ထူးလွင် on 08:54 Rating: 5
Powered by Blogger.