IS စစ်သွေးကြွအဖွဲ့ကို အပြီးတိုင် ချေမှုန်းမယ်လို့ အိုဘားမားပြော

အမေရိကန် ​စာနယ်ဇင်းသမား ​Steven ​Sotloff ​ကို ​လည်လှီးသတ်ခဲ့တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​စစ်သွေးကြွတွေကို ​အပြစ်ပေးသွားမယ်လို့ ​အမေရိကန် ​သမ္မတ ​အိုဘားမားက ​ပြောကြားခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ကို ​အတည်ပြုချက် ​ရယူလိုက်ပြီး ​တဲ့နောက် ​မှာတော့ ​အခုလို ​လုပ်ရပ် ​အတွက် ​အမေရိကန် ​တို့က ​မတုန်လှုပ်ဘူးလို့ ​သမ္မတ ​အိုဘားမားက ​ပြောကြား ​လိုက်ပါတယ်။

ဆီးရီးယားမှာ ​လှုပ်ရှားနေတဲ့ ​IS ​စစ်သွေးကြွတွေကို ​ဘယ်လို ​နည်းဗျူဟာတွေ ​သုံးပြီး ​ချေမှုန်းမလဲ ​ဆိုတာကို ​သမ္မတ ​အိုဘားမားက ​ဆုံးဖြတ်ချက် ​မပေးထားပေမယ့် ​IS ​တွေကို ​အပြီးတိုင် ​ချေမှုန်းဖို့ ​ပူးပေါင်း ​ဆောင်ရွက် ​သွားမယ်လို့ ​ဝေလနိုင်ငံမှာ ​ပြုလုပ်မယ့် ​NATO ​အစည်း ​အဝေးကို ​အသွား ​Estonia ​မှာ ​ပြောသွား ​ခဲ့ပါတယ်။

အမေရိကန် ​နိုင်ငံသားတွေကို ​အနာတရ ​ဖြစ်စေတဲ့သူတွေကို ​အမေရိကန်က ​မမေ့ဘူးဆိုတာ ​သိစေရမယ်၊ ​နောက်ပြီး ​အမေရိကန်ရဲ့ ​လက်တံဟာ ​ရှည်လျား ​သလို ​တရားဥပဒေက ​စီရင်ချက်ပေး ​သွားမှာဖြစ် ​တယ်လို့ ​အမေရိကန် ​သမ္မတ ​အိုဘားမားက ​ပြောကြားခဲ့ပါတယ်။

IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေရဲ့ ​လက်ထဲမှာ ​တခြား ​အမေရိကန် ​နိုင်ငံသားတွေ ​ရှိနေသေး ​တယ်လို့ ​ယူဆရပါတယ်။

ဒါ့အပြင် ​ဗြိတိသျှနိုင်ငံသား ​အချို့လည်း ​IS ​လက်ထဲမှာ ​ရှိနေပြီး ​သူတို့ကို ​ဘယ်နည်းလမ်းနဲ့ ​မဆို ​အကာအကွယ် ​လုပ်သွားမယ်လို့ ​ဗြိတိသျှအစိုးရက ​ပြောကြားလိုက်ပါတယ်။

အခုနောက်ဆုံး ​အမေရိကန် ​သတင်းထောက် ​Steven ​Sotloff ​ကို ​သတ်ခဲ့တဲ့ ​ဗီဒီယိုထဲမှာ ​ဗြိတိန်လူမျိုးတယောက်ကို ​သတ်ဖို့ ​ခြိမ်းခြောက်ထားတဲ့အတွက် ​ဗြိတိန်ဝန်ကြီးချုပ် ​David ​Cameron ​က ​အဆင့်မြင့် ​လုံခြုံရေး ​အစည်းအဝေး ​ခေါ်ယူခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-04/1364389

ဗီတီယိုထဲမှာတွေ့ရတဲ့ လိမော်ရောင် အင်္ကျီ ၀တ်ဆင်ထားတဲ့ အမေရိကန် သတင်းထောက် Steven Sotloff's (Credit: ABC licensed) 

IS စစ်သွေးကြွအဖွဲ့ကို အပြီးတိုင် ချေမှုန်းမယ်လို့ အိုဘားမားပြော IS စစ်သွေးကြွအဖွဲ့ကို အပြီးတိုင် ချေမှုန်းမယ်လို့ အိုဘားမားပြော Reviewed by သစ်ထူးလွင် on 08:57 Rating: 5
Powered by Blogger.