သတင်းထောက် နောက်တစ်ဦးကို IS အဖွဲ့ သတ်ဖြတ်

IS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံများ ​တည်ထောင်သူတွေ ​ဖမ်းဆီးထားတဲ့ ​အမေရိကန် ​နိုင်ငံသား ​သတင်းထောက် ​နောက်တစ်ဦး ​ကွပ်မျက် ​ခံလိုက်ရတယ်လို့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

အမေရိကန် ​သတင်း ​ထောက် ​James ​Foley ​လည်လှီး ​သတ်ဖြတ် ​ခံရပြီး ​တစ်လ ​လောက်မှာပဲ ​Steven ​Sotloff ​လို့ခေါ်တဲ့ ​သတင်း ​သမား ​ထပ်မံ ​အသတ် ​ခံရတာ ​ဖြစ်တယ်လို့ ​အရှေ့ ​အလယ်ပိုင်း ​ဆိုင်ရာ ​အေဘီစီ ​သတင်း ​ထောက် ​Hayden ​Cooper ​က ​သတင်းပေးပို့ ​ထားပါတယ်။

အသက် ​၃၁ ​နှစ်အရွယ် ​Steven ​Sotloff ​ဟာ ​ပြီးခဲ့တဲ့ ​နှစ်က ​တည်းက ​ဆီးရီးယား ​နိုင်ငံမှာ ​ပျောက်ဆုံး ​ခဲ့သူ ​ဖြစ်ပါတယ်။ ​အမေရိကန် ​သတင်း ​သမား ​James ​Foley ​လည်လှီး ​သတ်ဖြတ် ​ခံရတဲ့ ​ဗီဒီယို ​ထွက်ပေါ်ခဲ့ ​တုန်းကလည်း ​အဲဒီဗီဒီယို ​ထဲမှာ ​Steven ​ကို ​အသက် ​ရှင်လျက် ​တွေ့ရှိခဲ့ကြပါတယ်။

အဲဒီနောက် ​Steven ​မိခင်ဖြစ်သူက ​သူ့သားကို ​အသက်ချမ်း ​သာမှု ​ပေးဖို့ ​အသနားခံ ​ခဲ့ပေမယ့် ​အခုအခါမှာ ​ကွပ်မျက် ​ခံရပြီဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ် ​နေတာပါ။

ဗီဒီယိုမှာ ​ပြသချက်အရ ​လိမ္မော်ရောင် ​အကျဉ်းသား ​ဝမ်းဆက် ​ဝတ်ဆင် ​ထားသူ ​Steven ​ကို ​ဒူးထောက်လျက် ​တွေ့ရပြီး ​IS ​အဖွဲ့အပေါ် ​အမေရိကန်က ​ဝေဟင်ကနေ ​တိုက်ခိုက် ​နေတာကို ​သူ့အနေနဲ့ ​ပေးဆပ်ရပြီ ​ဖြစ်ကြောင်း ​ပြောဆိုထားပါတယ်။

သူ့ကို ​သတ်ပစ်ခဲ့သူ ​ကလည်း ​Steven ​သေဆုံးရတာဟာ ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားရဲ့ ​လက်ချက်ဖြစ်တယ်လို့ ​အရင်တစ်ခေါက်လိုပဲ ​ဗြိတိသျှ ​အင်္ဂလိပ် ​လေယူလေသိမ်းနဲ့ ​ပြောဆိုသွားပါတယ်။

Message ​to ​America ​2 ​အမေရိကန် ​အတွက် ​သတင်းစကား ​၂ ​လို့ ​နာမည် ​ပေးထားတဲ့ ​အဲဒီဗီဒီယို ​ထဲမှာပဲ ​ဗြိတိန် ​နိုင်ငံသား ​David ​Haines ​ကိုလည်း ​တွေ့ခဲ့ရပြီး ​David ​Haines ​ကို ​နောက်တစ်ကြိမ်မှာ ​သတ်ပစ်မယ်လို့လည်း ​ကျိန်းဝါးထားပါတယ်။

အခုတစ်ကြိမ်မှာ ​သတ်ဖြတ် ​ခံရတဲ့ ​Steven ​ရဲ့ ​မိခင်ကတော့ ​သူ့သား ​အသတ်ခံရမှုနဲ့ ​ပတ်သက်ပြီး ​တစ်မိသားစုလုံးက ​ဝမ်းနည်းပူဆွေးနေကြတယ်လို့ ​ပြောဆိုခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-03/1363989

သတ်ဖြတ်ခံရတဲ့ သတင်းထောက် Steven Sotloff ရဲ့ မိသားစုကတော့ သားဖြစ်သူအတွက် လွန်စွာဝမ်းနည်းကြရပါတယ်။ (Credit: ABC licensed)

သတင်းထောက် နောက်တစ်ဦးကို IS အဖွဲ့ သတ်ဖြတ် သတင်းထောက် နောက်တစ်ဦးကို IS အဖွဲ့ သတ်ဖြတ် Reviewed by သစ်ထူးလွင် on 08:50 Rating: 5
Powered by Blogger.