မြေတူးစက်ယာဉ် ချောက်ထဲထိုးကျ တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

နေပြည်တော်၊ စက်တင်ဘာ ၃

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီအချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၌ ယာဉ်တိမ်းမှောက်၍ လူနာများရောက်ရှိနေကြောင်းသတင်းအရ ဖလမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ဟားခါးမှ ဖလမ်းဘက်သို့ ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာနေ လာလ်ရမ်းမာ(၃၀)နှစ်မောင်းနှင်လာသော JBC မြေတူးစက် ယာဉ်သည် ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၀၆/၂-၃)ကြားသို့အရောက် လမ်းယာဘက် ပေ(၁၅၀)ခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ရမ်ထလိုရွာနေ ဖွန်ထန်း(၂၅)နှစ်တွင် ဒဏ်ရာများရရှိ သေဆုံးခဲ့ပြီး လာလ်ရမ်းမာပါ ၃ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် လာလ်ရမ်းမာအား ဟားခါးမြို့မ ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia



မြေတူးစက်ယာဉ် ချောက်ထဲထိုးကျ တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ မြေတူးစက်ယာဉ် ချောက်ထဲထိုးကျ တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 05:55 Rating: 5
Powered by Blogger.