ဘင်္ဂလားဒေ့်ရှ်ဘက်က ရိုးသားမှုမရှိဘူးလို့ သမ္မတရုံးအရာရှိ ဝေဖန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံသားအဖြစ် စိစစ်ထားခဲ့တဲ့ ဒုက္ခသည် ၂ ထောင် ကျော်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က သတင်းမီဒီယာတွေ ကို ပြောကြားချက်ဟာ ရိုးသားမှုမရှိကြောင်း၊ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက အင်တာနက်လူမှုရေးစာမျက်နှာ ကနေ ဒီကနေ့ ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကူညီနဲ့ မြန်မာစစ်အစိုးရ လက်ထက် ကတည်းက စိစစ်သဘောတူခဲ့တဲ့ ဒုက္ခသည် စုစုပေါင်း (၂၄၁၅) ဦးကို လက်ခံမယ် ဆိုတာ ၂ဝဝ၅ ကတည်းက သဘောထားဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန်က သတင်းမီဒီယာ တွေကို ပြောကြားချက်မှာ ၂ နိုင်ငံ အစည်းအဝေးမှာ ရရှိခဲ့တဲ့ ရလဒ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် အောင်ပွဲတရပ်လို ပြောဆိုခဲ့တာတွေ့ရကြောင်း လည်း ဝေဖန်ထောက်ပြထားပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က ပြီးစီးခဲ့တဲ့ ၂ နိုင်ငံ အစည်းအဝေးမှာ အဓိကသဘောတူခဲ့တာက အရင်သဘောတူထားတဲ့ ၂၄၁၅ ဦးကို ပြန်လည် စိစစ်မယ့် ပူးတွဲလုပ်ငန်းအဖွဲ့ကို ၂ လ အတွင်း ဖွဲ့စည်းရေးဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ဒီဒုက္ခသည်တွေကို ရိုဟင်ဂျာလူမျိုးလို့ သုံးနှုန်းခဲ့တာဟာလည်း သံတမန်ရေးအရ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေကြောင်း၊ ၂ လအတွင်း စိစစ်ရေးအဖွဲ့ ဖွဲ့ဖို့ သဘောတူတာကို ၂ လအတွင်းလက်ခံမယ်လို့ ပြောဆိုခဲ့တာကို လည်း မြန်မာဘက်က လက်မခံ နိုင်ကြောင်းလည်း သမ္မတရုံးညွန်ကြားရေးမှူးရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသား ၂ ထောင်ကျော် ကို ပြန်လည်လက်ခံဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်ပူးတွဲ စီစစ်ရေးအဖွဲ့ကို ၂ လအတွင်း ဖွဲ့စည်းဖို့ သဘောတူခဲ့တာသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပြောနေသလို ဒုက္ခသည်တွေ ၂ လအတွင်း ပြန်လက်ခံဖို့ဆိုတာ မဟုတ်ဘူးလို့ သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ဘင်္ဂလားဒေ့်ရှ်ဘက်က ရိုးသားမှုမရှိဘူးလို့ သမ္မတရုံးအရာရှိ ဝေဖန် ဘင်္ဂလားဒေ့်ရှ်ဘက်က ရိုးသားမှုမရှိဘူးလို့ သမ္မတရုံးအရာရှိ ဝေဖန် Reviewed by သစ်ထူးလွင် on 02:37 Rating: 5
Powered by Blogger.