တာချီလိတ်နှင့် မယ်ဆိုင်မြို့များတွင် ရေကြီး

ထိုင်းမြန်မာနယ်စပ် တာချီလိတ်နဲ့ မယ်ဆိုင်မြို့တွေမှာ တောင်ကျရေကြောင့် ချောင်းရေ လျံတက်တာတွေ ဖြစ်ပြီး မြို့ထဲက ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ အနိမ်ပို်င်းရပ်ကွက်တွေမှာ ရေနစ်မြှုပ်တာတွေကို ဆိုးဆိုးဝါးဝါး ခံနေရပါတယ်။

မယ်ဆိုင်ချောင်းရေ မြင့်တက်နေမှုကြောင့် ချစ်ကြည်ရေးတံတားကို ထိလုနီးပါး အထိ ဖြစ်နေပါတယ်။ တံတားကိုလည်း ခရီးသည်တွေသွားလာမှုကို ယာယီပိတ်ထားပါတယ်။

တာချီလိတ် အနီးဝင်းကျင်ကျေးရွာ တချို့ကိုလည်း တောင်ကျချောင်းရေ အရှိန်နဲ့ ကျဆင်း လာတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဒေသခံအချင်းချင်းကူညီကယ်ဆယ်မှုများကို လုပ်ပေးနေရတာတွေ ရှိနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64370

ဓာတ်ပုံ – ဦးထွန်း (မယ်ဆိုင်)


တာချီလိတ်နှင့် မယ်ဆိုင်မြို့များတွင် ရေကြီး တာချီလိတ်နှင့် မယ်ဆိုင်မြို့များတွင် ရေကြီး Reviewed by သစ်ထူးလွင် on 16:40 Rating: 5
Powered by Blogger.