အီဘိုလာ ကြောင့် သေဆုံးသူ ပိုများလာ

အနောက်အာဖရိကဒေသမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါကြောင့် အခုအခါ လူ တထောင့်ကိုးရာ ကျော်လောက် သေဆုံးခဲ့ပြီးပြီလို့ သိရကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အကြီးအကဲ Margaret Chan က ပြောပါတယ်။

သေဆုံးမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ သီတင်း ၃ပတ်အတွင်း ဖြစ်ပွားခဲ့တာလို့ WHO က ပြောပါတယ်။

အီဘိုလာ ရောဂါ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ ဒါမှမဟုတ် အီဘိုလာ လို့ အတည်ပြုထားတဲ့ ရောဂါ ဖြစ်မှုပေါင်း ၃ထောင့် ၅ရာလောက် ဂီနီ၊ ဆီယာရာ လီယုန်း နဲ့ လိုင်ဘေးရီးယား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အီဘိုလာ ရောဂါ တိုက်ဖျက်ရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၆ရာလောက် လိုလိမ့်မယ်လို့ WHO က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140903_ebola_death_increased_who.shtml

အီဘိုလာ ရောဂါ ဖြစ်ပွားမှုနှုန်းနဲ့ ပတ်သက်လို့ WHO အကြီးအကဲ Margaret Chan က သတိပေး ပြောကြား

အီဘိုလာ ကြောင့် သေဆုံးသူ ပိုများလာ အီဘိုလာ ကြောင့် သေဆုံးသူ ပိုများလာ Reviewed by သစ်ထူးလွင် on 08:42 Rating: 5
Powered by Blogger.